လက်ဝှေ့သမား မိုက်တိုင်ဆန်ကို မုဒိမ်းမှုအသစ်ဖြင့် တရားစွဲဆိုခဲ့

လက်ဝှေ့သမား မိုက်တိုင်ဆန်ကို မုဒိမ်းမှုအသစ်ဖြင့် တရားစွဲဆိုခဲ့
Photo: EPA

မိုက်တိုင်ဆန်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အစောပိုင်းက ဇိမ်ခံကားတစ်စီးပေါ်မှာ သူမကို မုဒိမ်းကျင့်ခဲ့တယ်လို့ နယူးယောက်ပြည်နယ်မှ အမျိုးသမီးတစ်ဦးက လက်ဝှေ့ချန်ပီယံဟောင်းကို အရပ်ဘက် ဥပဒေဖောက်ဖျက်မှုတစ်ရပ်ဖြင့် တရားစွဲဆိုထားတယ်လို့ တရားရုံးရဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

အချို့သော ဥပဒေဆိုင်ရာ အရေးယူဆောင်ရွက်မှုမျိုးတွေ ဖော်ဆောင်ဖို့အတွက် ကာလကန့်သတ်ချက် သတ်မှတ်တဲ့ ဥပဒေ ဘယ်လိုပဲ ရှိနေပါစေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားခံရသူတွေကို အရပ်ဘက်ဆိုင်ရာ နစ်နာဆုံးရှုံးမှုတွေ ရှာဖွေခွင့်ပြုထားတဲ့ ယာယီနယူးယောက်ပြည်နယ်ဥပဒေအောက်မှာ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက တရားရုံးကို ဇန်နဝါရီလအစောပိုင်းက တိုင်ကြားခဲ့တာပါ။

တိုင်ဆန်ဟာ အဲဒီအချိန်က အသက် ၁၈ နှစ်ရှိ မော်ဒယ် Desiree Washington ကို မုဒိမ်းကျင့်မှုဖြင့် အပြစ်ရှိတယ်လို့ တွေ့ရှိပြီးနောက် ၁၉၉၂ ကနေ စတင်ကာ ထောင်ထဲမှာ သုံးနှစ်နေခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရက်စွဲပါ သက်သေခံချက်အတိုထဲမှာ သူမဟာ "၁၉၉၀ ပြည့်နှစ်တွေ အစောပိုင်းမှာ" နိုက်ကလပ်တစ်ခုမှာ လက်ဝှေ့သမားနဲ့ တွေ့ဆုံပြီးနောက် သူမကို မုဒိမ်းမှုမပြုခင် သူ့ရဲ့ ဇိမ်ခံကားထဲကို လိုက်သွားခဲ့တယ်လို့ တရားလိုက ဖော်ပြပါတယ်။

"သူမဟာ တိုင်ဆန်ရဲ့ မုဒိမ်းကျင့်မှုကြောင့် ခံစားခဲ့ရပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ ထိခိုက်မှုတွေ ဆက်လက်ခံစားနေရတယ်"လို့ သူမက ပြောပါတယ်။

သူမဟာ နစ်နာကြေး ဒေါ်လာ ၅ သန်း တောင်းဆိုနေပါတယ်။

အင်္ဂါနေ့နှောင်းပိုင်းမှာ တိုင်ဆန်ဟာ လူသိရှင်ကြားထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။

၁၉၆၆ မှာ ဘရွတ်ကလင်းမှာ မွေးဖွားခဲ့တဲ့ တိုင်ဆန်ဟာ ၁၉၈၀ ပြည့်နှစ်တွေမှာ အငြင်းပွားဖွယ်ရာ မရှိတဲ့ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့ပြီး  ပြိုင်ဘက်တွေကို ကြိုးဝိုင်းအတွင်း ဒေါသတကြီးနဲ့ အံ့မခန်းထိုးချက် ပါဝါတွေဖြင့် ကြောင်းစရာကောင်းသူဖြစ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် သူဟာ ကြမ်းတမ်းတဲ့ ကလေးဘဝရှိခဲ့ပါတယ်။

ဒါပေမယ့် သူ ထောင်ကျပြီးတဲ့ နောက်မှာတော့ သူဟာ သူ့ချန်ပီယံဘွဲ့တွေကို ဆက်မထိန်းနိုင်တော့ပါဘူး။

နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ၁၉၉၆ ပွဲစဉ်မှာ တိုင်ဆန်ဟာ သူ့ရဲ့ပြိုင်ဘက် အီဗန်ဒါ ဟိုလီဖီးလ်ရဲ့ နားရွက်ကို ကိုက်ခဲ့ပါတယ်။

သူဟာ စိတ်ဓာတ်ကျခြင်းနဲ့ မူးယစ်စွဲလမ်းခြင်းတို့ဖြင့် ချုပ်နှောင်ထားကာ အထူးသဖြင့် သူ့ဘ၀ အတက်အကျများစွာကို ပုံဖော်တဲ့ one-man show တစ်ခုအတွက် အဓီကအကြောင်းအရာဖြင့် ဆက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သူဟာ မကြာသေးမီက သူ့ရဲ့ကိုယ်ပိုင်ဆေးခြောက်ထုတ်ကုန်အမှတ်တံဆိပ်ဖြင့် ဆေးခြောက်လုပ်ငန်းထဲကို စတင်ခဲ့ပြီး ပေါ့တ်ကာစ်အစီအစဉ်တစ်ခု တင်ဆက်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly