ရုရှားအားကစားသမားတွေ ၂၀၂၄ ပါရီအိုလံပစ်မှာ မယှဉ်ပြိုင်သင့်ဘူးလို့ ဇယ်လင်စကီး ပြော

ရုရှားအားကစားသမားတွေ ၂၀၂၄ ပါရီအိုလံပစ်မှာ မယှဉ်ပြိုင်သင့်ဘူးလို့ ဇယ်လင်စကီး ပြော
Photo: AFP

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးက သူ့နိုင်ငံဟာ စစ်ပွဲဖြစ်ပွားခဲ့တာ ၁၁ လရှိပြီဖြစ်လို့ ရုရှားအားကစားသမားတွေဟာ ၂၀၂၄ ပါရီအိုလံပစ်မှာ "နေရာမရှိသင့်ဘူး"လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

"ရုရှားနိုင်ငံက အားကစားသမားတွေကို ပါရီမြို့က အိုလံပစ်အားကစားပွဲတော်မှာ နေရာမရှိသင့်ဘူးလို့ ကျနော် အထူးအလေးပေးပြောခဲ့တယ်"လို့ မက်ခရွန်နဲ့ တယ်လီဖုန်းခေါ်ဆိုမှုအပြီးမှာ ဇယ်လင်စကီးက Telegram မှာ ရေးသားခဲ့ပါတယ်။

ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပွဲ ပိတ်ပွဲအပြီး ရက်ပိုင်းအကြာမှာ ရုရှားက သူတို့ရဲ့ ကျူးကျော်မှုကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီဟာ ရုရှားနဲ့ မော်စကိုရဲ့ တပ်တွေ တိုက်ခိုက်ဖို့အတွက် စေလွှတ်တဲ့နေရာအဖြစ် အသုံးပြုခဲ့တဲ့ အိမ်နီးချင်း ဘီလာရုစ်တို့ကို လျင်မြန်စွာ ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

ပဋိပက္ခဖြစ်ပွားပြီးကတည်းက ရုရှား ဒါမှမဟုတ် ဘီလာရုစ်နိုင်ငံတွေမှာ နိုင်ငံတကာ အားကစားပွဲတွေ မကျင်းပခဲ့ဘဲ နိုင်ငံတွေရဲ့ အမျိုးသားသင်္ကေတတွေကို ဒီလို အဓိကပြိုင်ပွဲတွေကနေ ဖယ်ရှားခဲ့ပါတယ်။

IOC အကြီးအကဲ သောမတ်စ် ဘက်ချ်က သူဟာ ၂၀၂၃ ခုနှစ်မှာ အားကစားဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေကို သက်တမ်းတိုးဖို့နဲ့ ပါရီအိုလံပစ်နဲ့  အီတလီက ၂၀၂၆ ဆောင်းရာသီ အိုလံပစ်တွေမှာ သန်မာတဲ့ ယူကရိန်းအသင်းကို မြင်တွေ့လိုတယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောပါတယ်။

ဇယ်လင်စကီးက ရုရှားအားကစားသမားအားလုံးကို နိုင်ငံတကာပြိုင်ပွဲတွေကနေ လုံးဝပထုတ်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တောင်းဆိုခဲ့ပါတယ်။

ရုရှားနဲ့ ဘီလာရုစ် အားကစားသမားတွေဟာ ပါရီအားကစားပြိုင်ပွဲမှာ သူတို့ရဲ့ နိုင်ငံအလံကို မကိုင်သရွေ့ ယှဉ်ပြိုင်နိုင်တယ်လို့ အမေရိကန် အိုလံပစ်နဲ့ မသန်စွမ်း ကော်မတီရဲ့ သဘောထားကို  ပြင်းထန်စွာ ဆန့်ကျင်တယ်လို့ ယူကရိန်းသမ္မတက ဘက်ချ်ကို ပြောကြားခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required