လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေကြောင့် မက္ကဆီကိုကလပ် ပူးမက်စ်က ဒန်နီ အဲလ်ဗက်စ်ကို ထုတ်ပယ်

လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေကြောင့် မက္ကဆီကိုကလပ် ပူးမက်စ်က ဒန်နီ အဲလ်ဗက်စ်ကို ထုတ်ပယ်
Photo: EPA

မက္ကဆီကိုကလပ် ပူးမက်စ်အသင်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွပ်စွဲချက်တွေနဲ့ စပိန်နိုင်ငံမှာ ဒန်နီ အဲလ်ဗက်စ် ဖမ်းဆီးခံရပြီးနောက် သူရဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။

မက္ကဆီကို အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်နဲ့ ချိတ်ဆက်နေတဲ့ ပူးမက်စ်ဟာ "ကစားသမားရဲ့အလုပ်အကိုင်စာချုပ်ကို အခြေအနေတစ်ရပ်ကြောင့် ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်"လို့ ကလပ်ဥက္ကဌ လီယိုပိုဒို ဆေးလ်ဗားက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

“တက္ကသိုလ်ရဲ့ စိတ်ဓာတ်နဲ့ ယင်းရဲ့တန်ဖိုးတွေကို ဆန့်ကျင်တဲ့ ဘယ်အသင်းဝင်မဆို ဘယ်အဖွဲ့အစည်းကမဆို သူတို့တွေကနေ သည်းမခံနိုင်တဲ့ လုပ်ရပ်တွေအတွက် ယင်းရဲ့ ကတိကဝတ်ကို ကလပ်အသင်းအနေနဲ့ ထပ်လောင်းပြောပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အဲလ်ဗက်စ်ဟာ ဘာစီလိုနာကနေ ဒုတိယအကြိမ် ထွက်ခွာသွားပြီးနောက် မက္ကဆီကိုကလပ်ဟာ ဘောလုံးလောကမှာ အအောင်မြင်ဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ သူ့ကို ခေါ်ယူခဲ့တာပါ။

အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့လက အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု စွပ်စွဲချက်နဲ့ ဘာစီလိုနာမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် စပိန်တရားရုံးတစ်ရုံးက အာမခံမပေးဘဲ ချုပ်နှောင်ထားဖို့ အမိန့်ထုတ်လိုက်ပါတယ်။

နိုက်ကလပ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်များနှင့် ပတ်သက်လို့ အသက် ၃၉ နှစ်အရွယ် ကစားသမားကို မေးမြန်းပြီးနောက် ဘာစီလိုနာ တရားသူကြီးတစ်ဦးက သီးခြားလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တရားရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကာတာနိုင်ငံမှာ ဘရာဇီးလ်နဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားအပြီး အားလပ်ရက်မှာ ဘာစီလိုနာမှာ ရှိခဲ့တဲ့ အဲလ်ဗက်စ်က အဲဒီတုန်းက နိုက်ကလပ်မှာ ရှိနေတယ်လို့ အတည်ပြုခဲ့ပေမယ့် ဘာ အမှားမှမပြုလုပ်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required