ဘရာဇီးလ်နောက်ခံလူဟောင်း န်နီ အဲလ်ဗက်စ်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သံသယနဲ့ စပိန်မှာ ထိန်းသိမ်းခံခဲ့ရ

ဘရာဇီးလ်နောက်ခံလူဟောင်း န်နီ အဲလ်ဗက်စ်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သံသယနဲ့ စပိန်မှာ ထိန်းသိမ်းခံခဲ့ရ
Photo: EPA

ဘရာဇီးလ်နောက်ခံလူဟောင်း ဒန်နီ အဲလ်ဗက်စ်ဟာ ဒီဇင်ဘာလက ဘာစီလိုနာနိုက်ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သူ့ကို သောကြာနေ့က စပိန်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် ကစားသမားကို သောကြာနေ့က ဘာစီလိုနာ ရဲစခန်းသို့ ဆင့်ခေါ်ခဲ့ပြီး သူ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အခုအခါ တရားသူကြီးက စစ်ဆေးမေးမြန်းသွားမှာဖြစ်ကြောင်း Catalonia ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mossos d'Esquadra က ပြောပါတယ်။

 ကာတာလန်ရဲတပ်ဖွဲ့က အဲလ်ဗက်စ်ဟာ သူမကို မတော်မလျော်စွာ ထိတွေ့ခဲ့ကြောင်း အမျိုးသမီးတစ်ဦးထံကနေ တိုင်ကြားချက်ကို ဇန်နဝါရီ ၂ ရက်နေ့မှာ လက်ခံရရှိခဲ့တယ်လို့ ကတ်တလန်ရဲတပ်ဖွဲ့က ပြောပါတယ်။

စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီဇင်ဘာ ၃၀ ရက်ကနေ ၃၁ ရက်နေ့အထိ နာမည်ကြီး ဘာစီလိုနာ နိုက်ကလပ်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သူမဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းက သူငယ်ချင်းတွေနဲ့အတူ နိုက်ကလပ်တစ်ခုမှာ ရှိခဲ့စဉ်က သူမရဲ့ ခွင့်ပြုချက်မရှိဘဲ သူမရဲ့ အတွင်းခံဘောင်းဘီအောက်ကို အဲလ်ဗက်စ် လက်တွေက ထိတွေ့နေတာဖြစ်တယ်လို့ အမျိုးသမီးတစ်ဦးကနေ စွပ်စွဲခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၃၉ နှစ်ရှိ အဲလ်ဗက်စ်ဟာ အဲဒီအချိန်က နိုက်ကလပ်မှာ ရှိနေတယ်လို့ အတည်ပြုခဲ့ပေမယ့်လည်း မည်သည့် အမှားအယွင်းမျှ မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အဲဒီအမျိုးသမီးကို အရင်က "မမြင်ဖူးဘူး"လို့ စပိန်ရုပ်သံ Antena 3 ကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုခဲ့ပါတယ်။

သူဟာ အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကို ကိုယ်စားပြုတဲ့ အသက်အကြီးဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly