တရုတ် ဒရမ်မာဇာတ်ကားတွင် ခေါင်းဆောင်မင်းသားနေရမှာ ပါဝင် သရုပ်ဆောင်သွား မယ့် ခွန်းဆောင်ဝူ

တရုတ် ဒရမ်မာဇာတ်ကားတွင် ခေါင်းဆောင်မင်းသားနေရမှာ ပါဝင် သရုပ်ဆောင်သွား မယ့် ခွန်းဆောင်ဝူ

ဆိုးလ်၊ မတ် ၁၂ ။          ။ ကိုရီးယားမင်းသား ခွန်းဆောင်ဝူသည် တရုတ်ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “Returning Love” ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ  SU Companyက မတ် ၁၁ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ဒရမ်မာဇာတ်လမ်းတွဲသည် ငလျင်ကြောင့် အတိတ်မေ့ရောဂါ ခံစားနေရသော အမျိုး သားတစ်ဦး၏ အကြောင်းကို ပုံဖောက်ရိုက်ကူးမည့် ဇာတ်ကားဖြစ်သည်။ အတိတ်မေ့ရောဂါ ခံစားနေ ရသော အမျိုးသားအဖြစ် ခွန်းက ပါဝင်သရုပ်ဆောင်ထားပြီး ခွန်းသည် တဖြည်းဖြည်း မှတ်ဉာဏ်ပြန်ရ လာစဉ် ဇနီးဖြစ်သူနှင့် ၎င်းမှတ်ဉာဏ် ပျောက်ဆုံးနေစဉ် စောင့်ရှောက်ပေးခဲ့သော မိန်းကလေးတို့ အကြား ဗျာများနေသည့် အမျိူးသားအဖြစ် သရုပ်ဆောင်ထားသည်။

ခွန်းသည် ဒရမ်မာဇာတ်ကား စတင်ရိုက်ကူးရန်အတွက် ယခုလတွင် ပေကျင်းမြို့သို့ ထွက်ခွာ မည် ဖြစ်သည်။ ခွန်းသည် မကြာသေးမီက တရုတ် ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “Destiny of Love” ဇာတ်ကားကို ရိုက်ကူးပြီးစီးခဲ့သည်။ “Destiny of Love” ဇာတ်ကားကို တရုတ်နိုင်ငံ၏ ဟူနန် ရုပ်မြင်သံကြား ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly