အီရတ် ပင်လယ်ကွေ့ဖလား ဗိုလ်လုမတိုင်ခင် လူအုပ်ပြိုမှုအတွင်း တစ်ဦးသေဆုံး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရသူတွေရှိ

အီရတ် ပင်လယ်ကွေ့ဖလား ဗိုလ်လုမတိုင်ခင် လူအုပ်ပြိုမှုအတွင်း တစ်ဦးသေဆုံး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရသူတွေရှိ
Photo: AFP

အီရတ် ပင်လယ်ကွေ့နိုင်ငံများဖလား (Gulf Cup )ဖိုင်နယ်မတိုင်ခင် နာရီပိုင်းအလိုမှာ အီရတ်နိုင်ငံရှိ ဘောလုံးကွင်းအပြင်ဘက်မှာ လူအုပ်ပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ဒါဇင်နှင့်ချီဒဏ်ရာရရှိခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာနဲ့ လုံခြုံရေးသတင်းရင်းမြစ်များက ပြောပါတယ်။

အီရတ်နဲ့ အိုမန်တို့ကြား ည ၇ နာရီ (၁၆၀၀ ဂရင်းနစ်စံတော်ချိန်)မှာ စတင်မယ့် တွေ့ခဲလှတဲ့ အိမ်ကွင်း နိုင်ငံတကာပွဲစဉ်ကို ကြည့်ရှုဖို့ မျှော်လင့်ချက်ဖြင့် လက်မှတ်မပါတဲ့ ပရိသတ်ထောင်ပေါင်းများစွာဟာ အီရတ်နိုင်ငံတောင်ပိုင်း Basra မြို့ရှိ အားကစားကွင်းအပြင်ဘက်မှာ စုဝေးခဲ့ကြတာပါ။

"တစ်ဦးသေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ ဒဏ်ရာတဲ့ သူတွေ ရှိပါတယ်"လို့ ဆေးဘက်ဆိုင်ရာ တစ်ဦးက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း အထက်ပါနည်းတူ ပြောကြားခဲ့ပါတယ်။

လူအုပ်ပြိုကျမှုဖြစ်ပွားချိန်မှာ အားကစားကွင်းအတွင်းရှိ AFP ဓာတ်ပုံဆရာတစ်ဦးက turnstile ဂိတ်တွေကို ပိတ်ထားဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဖို့ အရေးပေါ်လူနာတင်ယာဉ်တွေ ရောက်ရှိလာချိန်မှာ ဥသြစွဲသံတွေ ကျယ်လောင်လာပါတယ်။

ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ပုံတွေက အားကစားကွင်းအပြင်ဘက်မှာ လူပင်လယ်ကြီးဖြစ်နေတာကို တွေ့ရတယ်။

အီရတ်ဟာ ၂၅ ကြိမ်မြောက် ပင်လယ်ကွေ့နိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခွင့်ရခဲ့တာဖြစ်ပါတယ်။

(AFP)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly