ရာဖေးလ် နာဒယ် သြစတြေးလျအိုးပင်း ဒဏ်ရာကြောင့်၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရမည်

ရာဖေးလ် နာဒယ် သြစတြေးလျအိုးပင်း ဒဏ်ရာကြောင့်၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရမည်
Photo: EPA

စပိန်သား ရာဖေးလ် နာဒယ်ဟာ သြစတြေးလျအိုးပင်းပြိုင်ပွဲကနေ ထွက်ရစဉ်မှာ တင်ပါးဆုံဒဏ်ရာကြောင့် ခြောက်ပတ်ကနေ ရှစ်ပတ်အထိ အနားယူရဖွယ်ရှိပါတယ်။

၂၂ ကြိမ်မြောက် ဂရန်းစလင်းချန်ပီယံဟာ ဗုဒ္ဓဟူးနေ့က ပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာ အမေရိကန်တင်းနစ်သမား မက်ကင်ဇီ မက်ဒေါ်နယ်ကို ၆-၄၊ ၆-၄၊ ၇-၅ နဲ့ သုံးပွဲပြတ် ရှုံးနိမ့်ကာ ရုန်းကန်ခဲ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ် နာဒယ်ဟာ မဲလ်ဘုန်းမှာ သူ့ရဲ့ ဘယ်ဘက်တင်ပါးကို MRI စကင်န်ရိုက်ခဲ့ရာ သူ့ရဲ့ဘယ်ဘက် psoas (ကြွက်သားဟာ ခန္ဓာကိုယ်ရဲ့ တင်ပါးဆုံတွင်း ဒေသမှာ တည်ရှိပြီး အောက်ပိုင်း ကျောဘက် အပေါ်ပေါင်နှင့် ချိတ်ဆက်ထား) ကြွက်သားဆုတ်ပြဲဒဏ်ရာတစ်ခုကို ပြသခဲ့ပါတယ်။

ကမ္ဘာ့နံပါတ် (၂)ဟာ ရုပ်ပိုင်းဆိုင်ရာကုထုံးကို စတင်ကုသဖို့ စပိန်ကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

မဲလ်ဘုန်းမှာ သူ့ရဲ့ချန်ပီယံဖလား ကာကွယ်မှု ပြီးဆုံးသွားပြီးနောက် နာဒယ်က သူဟာ စိတ်ပိုင်းဆိုင်ရာ လဲပြိုခံခဲ့ရတယ်လို့ ပြောပါတယ်၊

"စကင်န်မှာ ဘယ်ခြေထောက်ရဲ့ psoas မှာ အဆင့်နှစ် ဒဏ်ရာကို ပြသခဲ့ပါတယ်"လို့ နာဒယ်က ကြာသပတေးနေ့မှာ တွစ်တာပေါ် ရေးသားခဲ့ပါတယ်။

“အခုအချိန်ဟာ အနားယူပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ ရုပ်ပိုင်းဆိုင်ရာကုထုံးကို ခံယူဖို့ အချိန်ရောက်ပါပြီ။

"ပုံမှန်ပြန်လည်နာလန်ထူချိန်ဟာ ခြောက်ပတ်ကနေ ရှစ်ပတ်ပါ။"

အချိန်ကာလသတ်မှတ်ချက်အရ နာဒယ်ဟာ မတ်လမှာ Indian Wells မှာ ၂၀၂၃ ရာသီရဲ့ ပထမဆုံး Masters ပြိုင်ပွဲကို ကစားဖို့ ကြံ့ခိုင်မှုရှိနေနိုင်ပါတယ်။

ဥရောပ ရွှံ့စေးကွင်းရာသီဟာ နောက်လမှာ စတင်မှဖြစ်ပြီး ဇွန်လအစောပိုင်းမှာ ပြင်သစ်အိုးပင်းမှာ ပြီးဆုံးမှာဖြစ်ကာ နာဒယ်ဟာ စံချိန်တင် ၁၅ ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly