မွန်ဂိုလီးယားသံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံ

မွန်ဂိုလီးယားသံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားသံအမတ်ကြီး T.Togsbilguun က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိနေအိမ်တွင် မတ် ၁၁ ရက်က လာရောက်တွေ့ဆုံသည်။

သံအမတ်ကြီးက မွန်ဂိုလီးယားသမ္မတ Ts.Elbegdorj ၏ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစကားပါးမှုကို ပြောကြားခဲ့ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် NLD ပါတီ၏ အနိုင်ရမှုအတွက်လည်း ချီးကျုးစကား ပြောခဲ့သည်။

ထိုနောက်တွင် မွန်ဂိုလီးယား-မြန်မာဆက်ဆံရေးအပေါ် အမြင်များ ဖလှယ်ရန် သံအမတ်ကြီးက နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးလက်အောက် နိုင်ငံရေးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျာတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly