“ထိုင်ပြီး စကားပြောကာ လေးစားမှုကို ပြသသွားမှာပါ။” - ပေါ်တူဂီနည်းပြသစ် ရောဘတ်တို မာတီနက်ဇ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လက်ရွေးစင် အနာဂတ်နဲ့ ပတ်သက်လို့ ထုတ်ဖော်ပြော

“ထိုင်ပြီး စကားပြောကာ လေးစားမှုကို ပြသသွားမှာပါ။” - ပေါ်တူဂီနည်းပြသစ် ရောဘတ်တို မာတီနက်ဇ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လက်ရွေးစင် အနာဂတ်နဲ့ ပတ်သက်လို့ ထုတ်ဖော်ပြော

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ဖာနန်ဒို ဆန်းတို့စ်နေရာ အစားထိုးဝင်ရောက်လာတဲ့ ရောဘတ်တို မာတီနက်ဇ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ထွက်ခွာခဲ့ရတဲ့ အသင်းဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီအစဉ်တွေကို ပြောဆိုခဲ့ပါတယ်။

မာတီနက်ဇ်က "ဘောလုံးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေကို ကွင်းထဲမှာ ကစားပုံတွေကို ကြည့်ပြီး ခချမှတ်ရမှာပါ။"လို့  မာတီနက်ဇ်က ပြောပါတယ်။ “ကျနော်က ရုံးထုံးစံလို ညွှန်ကြားတဲ့အတိုင်း ဆုံးဖြတ်ချက်ချတဲ့နည်းပြ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်ရဲ့ စမှတ်ကတော့ ကစားသမားတွေအားလုံးဆီကို သွားပြီး သူတို့နဲ့ အဆက်အသွယ်ရချင်ပါတယ်”

သူက “ကမ္ဘာ့ဖလားပြိုင်ပွဲက ကစားသမား ၂၆ ဦးစာရင်းက ကျနော့်ရဲ့ အစမှတ်ဖြစ်ပြီး ခရစ္စတီယာနိုက အဲဒီစာရင်းမှာပါတဲ့ ကစားသမားပါ။ သူ နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့တဲ့ ၁၉ နှစ်တောင် ရှိနေပါပြီ။ သူနဲ့အတူ ထိုင်ပြီး စကားပြောကာ လေးစားမှုကို ပြသသွားမှာဖြစ်တယ်။  အဲဒီကနေပြီးတော့ ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ကျနော်တို့ရဲ့ပွဲတွေအတွက် အကောင်းဆုံးအသင်းကို ဆယ်ပတ်အတွင်း ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ ဒီနေ့ဟာ စိတ်ကျေနပ်မှုရတဲ့ နေ့တစ်နေ့ပါ။ မနက်ဖြန်ကျရင် ကျနော်တို့ဟာ စတင် အလုပ်လုပ်သွားမှာဖြစ်ပြီး ကျနော်တို့က ကစားသမားတွေအားလုံးကို သိအောင်လုပ်သွားမှာပါ။ ခရစ္စတီယာနိုက သူတို့ထဲက တစ်ယောက်ပါ။”လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကို ခြောက်နှစ်ကြာ မန်နေဂျာတာဝန်ယူပြီးနောက် ၂၀၁၆ ဥရောပချန်ပီယံဆွတ်ခူးရရှိခဲ့တဲ့ မန်နေဂျာနေရာ အစားထိုးဝင်ရောက်ခဲ့တာပါ။ စပိန်သားက သူ့လက်အောက်မှာ 'ကစားသမားတိုင်း အခွင့်အလမ်း ရှိတယ်' လို့ အကြံပြုထားပါတယ်။

“ဒီကနေပြီးတော့ ထိပ်တန်းလိဂ် ၅ ခုမှာ အသက် ၂၈ နှစ်အောက် ပေါ်တူဂီကစားသမား ၅၄ ယောက်ရှိတယ်။ ဘင်ဖီကာနဲ့ ပေါ်တိုကလည်း ချန်ပီယံလိဂ်မှာ ရှိနေတယ်”လို့ သူက ရှင်းလင်းပါတယ်။

“တစ်နည်းအားဖြင့်ပြောရရင် ကျနော့်အလုပ်က ကစားသမားတိုင်းကို အခွင့်အရေးပေးပြီး နိုင်ငံအသင်းမှာ ရှိပြီးသားသူတွေကို လေးစားဖို့ပါပဲ။ ဒီအချိန်ကစလို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာလည်း သူတို့ထဲက တစ်ယောက်ဖြစ်တယ်။ ဒါဟာ ထုံးစံအတိုင်း လုပ်ငန်းစဉ်၊ အလုပ်နဲ့ တာဝန်ယူမှုနဲ့ အသင်းအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတာပဲဖြစ်ပါတယ်။”

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဆွစ်ဇာလန်အသင်းနဲ့  ရှုံးထွက် ၁၆ သင်းအဆင့်၊ မော်ရိုကိုနဲ့ ကွာတားဖိုင်နယ်ပွဲတွေအတွက် အရန်ခုံမှာ ထိုင်ခဲ့ရပါတယ်။

Ref; The Indian Express

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required