ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး၏ TTP အပေါ် စွပ်စွဲပြောဆိုမှုသည် ရန်စမှုဖြစ်ကြောင်း တာလီဘန်ပြော

By ANI
10 January 2023
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး၏ TTP အပေါ် စွပ်စွဲပြောဆိုမှုသည် ရန်စမှုဖြစ်ကြောင်း တာလီဘန်ပြော

အာဖဂန်နစ္စတန်နိုင်ငံထဲတွင် တေရစ်ခ်-အီ-တာလီဘန်ပါကစ္စတန် (TTP) အဖွဲ့ ရှိနေခြင်းနှင့် ၎င်းတို့က အာဖဂန် နစ္စတန်အတွင်း တိုက်ခိုက်မှုများပြုလုပ်လာနိုင်သည်ဟူသော ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး၏ မကြာသေးမီက ပြောကြားချက်သည် ရန်စမှုဖြစ်ပြီး အခြေအမြစ်မရှိကြောင်း တာလီဘန်အိမ်စောင့်အစိုးရ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ရက်တွင် ဝေဖန်လိုက်သည်။

အဆိုပါစွပ်စွဲချက်များသည် ညီနောင်သဖွယ် ဆက်ဆံရေးများရှိခဲ့သည့် အိမ်နီးချင်း နှစ်နိုင်ငံအကြား ကောင်းမွန် သော ဆက်ဆံရေးကို ထိခိုက်စေသည်ဟု အာဖဂန်နစ္စတန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရာနာဆာနာအူလာက အာဖဂန်နစ္စတန်အတွင်း ပုန်းအောင်းနေသည့် TTP အဖွဲ့များကို ပါကစ္စတန်က ပစ်မှတ်ထားရှာဖွေသွားမည်ဟု မကြာသေးမီက ပြောကြားခဲ့သည်။

“ဒီလိုပြဿနာတွေ ပေါ် ပေါက်လာတဲ့အခါ TTP အဖွဲ့တွေ ပုန်းအောင်းနေတဲ့နေရာတွေကို ရှာဖွေရှင်းလင်းပြီး သူတို့ကို ကျွန်တော်တို့ဆီ လွှဲပြောင်းပေးဖို့ အစ္စလာမ္မစ်ညီနောင်နိုင်ငံဖြစ်တဲ့ အာဖဂန်နစ္စတန်ကို ဦးစွာ တောင်းဆိုပါတယ် ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့အနေနဲ့ အာဖဂန်နစ္စတန်မှာ ခိုအောင်းနေတဲ့သူတွေကို ပစ်မှတ်ထားသွားမှာပါ ဟု ပါကစ္စတန်ဝန်ကြီးက ပြောကြားထားသည်။

“စိုးရိမ်ပူပန်မှုတွေနဲ့ ပြဿနာတွေကို နားလည်မှုနဲ့ ဖြေရှင်းသင့်ပါတယ်ဟု တာလီဘန် ကာကွယ်ရေးဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“အာဖဂန်နစ္စတန်သည် ပိုင်ရှင်မဲ့မဟုတ်ဘဲ မိမိနိုင်ငံ၏ နယ်မြေစိုးမိုးရေးနှင့်လွတ်လပ်ရေးကို ကာကွယ်ရန် အသင့်ရှိပြီး နိုင်ငံကို ကာကွယ်စောင့်ရှောက်ရာတွင် အားလုံးထက် ပိုသာသော အတွေ့အကြုံရှိသည်ကို  ပြသနိုင် သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါကစ္စတန်အရပ်သားအစိုးရ၏ အချုပ်အခြာအာဏာနှင့်စစ်တပ်ကို တိုက်ရိုက်စိန်ခေါ်သည့်အနေဖြင့် တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) သည် ၎င်းအဖွဲ့အား ဝန်ကြီးဌာနအသီးသီးအဖြစ် ဖွဲ့စည်းလိုက်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်။

TTP သည် ပြီးခဲ့သည့်နှစ် သြဂုတ်လက အိမ်နီးချင်း အာဖဂန်နစ္စတန်တွင် အာဏာသိမ်းခဲ့သည့် တာလီဘန်များနှင့် မဟာမိတ်ဖြစ်သည်။ အစွန်းရောက်အစ္စလာမ္မစ်အဖွဲ့ TTP သည် တာလီဘန်တို့ ကြားဝင်စေ့စပ်ပေးခဲ့သည့် ပါကစ္စတန်နှင့် အပစ်အခတ်ရပ်စဲရေးကို ယမန်နှစ် နိုဝင်ဘာလက ရပ်ဆိုင်းကြောင်းကြေညာပြီးကတည်းက ပါကစ္စတန်တွင် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။

အစ္စလာမာဘတ်အခြေစိုက် ပညာရှင်အဖွဲ့ Research and Security Studies (CRSS) က TTP အား နိုင်ငံအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် ညွှန်းဆိုလျက် ၂၀၂၂ ခုနှစ်သည် ဆယ်စုနှစ်တစ်ခုအတွင်း ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် သေဆုံးမှုအများဆုံးလဖြင့် အဆုံးသတ်ခဲ့ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required