ပါကစ္စတန်က ဖမ်းဆီးထားသည့် အာဖဂန်အမျိုးသမီးအချို့ကို နေရပ်ပြန်ပို့မည်

By TOLO News
10 January 2023
ပါကစ္စတန်က ဖမ်းဆီးထားသည့် အာဖဂန်အမျိုးသမီးအချို့ကို နေရပ်ပြန်ပို့မည်

ပါကစ္စတန်နိုင်ငံတွင် အထောက်အထားမဲ့ နေထိုင်မှုအတွက် အကျဉ်းချခံထားရသော အာဖဂန်အမျိုးသမီးများကို ဇန်နဝါရီလ ပထမပတ်မှစ၍ နေရပ်သို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှ အကျဉ်းထောင် အရာရှိတစ်ဦးက ပြောသည်။

ခိုင်လုံသောခရီးသွားအထောက်အထားများ မပါဘဲ ကရာချိမြို့သို့ ဝင်ရောက်လာခဲ့သည့် အမျိုးသမီးများနှင့်ကလေးငယ်များအပါအဝင် အာဖဂန်နိုင်ငံသား အနည်း ဆုံး ၁၂၀၀ ထက်မနည်းကို ပါကစ္စတန်ရဲများက စီးနင်းမှုများလုပ်ကာ ဖမ်းဆီးခဲ့သည်။

“သူတို့ထဲက ၅၈ ယောက်လောက်ကို ဇန်နဝါရီလပထမပတ်ထဲမှာ နေရပ်ပြန်ပို့တော့မှာပါ ဟု ကရာချိမြို့ရှိ ဗဟို အမျိုးသမီးအကျဉ်းထောင်မှ ထောင်မှူး ရှီဘာရှားကို ကိုးကား၍ AP သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်အမျိုးသမီးအချို့က အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် နေရပ်ပြန်သွားမည်ဖြစ်ကြောင်း ပြော သည်။

“ကျွန်မတို့ကို လွှတ်ပေးပါ။ ဒီမှာနေရတာ ကျော်ပြီ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို အခုလွှတ်ပေးပါ။ ကျွန်မပြစ်ဒဏ် ၂ လ ကျခံပြီးပါပြီ။ အခု လွှတ်ပေးသင့်ပါတယ်။ ကျွန်မတို့ကို သနားပါ” ဟု ပါကစ္စတန်တွင် အကျဉ်းချခံထားရသည့် အာဖဂန်နစ္စတန်နိုင်ငံ ပက်တီယာပြည်နယ်မှ အသက် ၆၅ နှစ်အရွယ် ဂူးလ်ခန်းဒါးက ပြောကြားခဲ့သည်။

ပါကစ္စတန်ရှိ အာဖဂန်သံရုံးမှ သံရုံးယာယီတာဝန်ခံ ဆာဒါ မတ်ခန်းရှီကစ်ဘ်က အာဖဂန် ၂ ၀၀၀ နီးပါးသည် ပါကစ္စတန်အကျဉ်းထောင်များတွင် အကျဉ်းချခံနေရပြီး ၎င်းတို့၏ အခြေအနေသည် စိုးရိမ်ရကြောင်း TOLO သတင်းဌာနသို့ ပြောကြားခဲ့သည်။

“အဖမ်းခံရသူတွေထဲက တချို့က စာရွက်စာတမ်းအထောက်အထား မရှိပါဘူး တချို့က အရင်ကတည်းက ကရာ ချိမှာ ထိန်းသိမ်းခံထားရတာပါ။ အားလုံးပေါင်း ၂ ၀၀၀ လောက်ရှိတယ်။ သူတို့မှာ တရားဝင်စာရွက်စာတမ်း အထောက်အထား မရှိလို့ ရဲက ဖမ်းပြီး ထောင်ချလိုက်တာ” ဟု ပြောသည်။

အာဖဂန်နစ္စတန်တွင် ယခင်အစိုးရ ပြုတ်ကျသွားပြီးနောက် အာဖဂန်အများအပြားသည် လွန်ခဲ့သည့် ၁၆ လအတွင်း ပါကစ္စတန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

ပါကစ္စတန်အစိုးရသည် မကြာသေးမီက အထောက်အထားမဲ့ ဝင်ရောက်လာသည့်  အာဖဂန်လူမျိုးများကို ဖမ်းဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly