တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (ငြိမ်း) အား ဒုတိယသမ္မတလောင်းအဖြစ်ရွေးချယ်

တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (ငြိမ်း) အား ဒုတိယသမ္မတလောင်းအဖြစ်ရွေးချယ်
Photo; မြဝတီ

မတ်လ ၁၁ ရက် ။        ။ တပ်မတော်သားအမတ်အစုအဖွဲ့က ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (ငြိမ်း) အား ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပြီဖြစ်သည်။

မတ်လ ၁၁ ရက်နေ့တွင် နေပြည်တော် ဆင်ဖြူရှင်ခန်းမ၌ တပ်မတော်သားအမတ် ၁၆၆ ဦး စုံလင် တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအရ ရွေးချယ်သည်ဟု သတင်းထုတ်ပြန်သည်။

တပ်မတော်အမတ် ဗိုလ်ချုပ်တောက်ထွန်းက သဘာပတိအဖြစ် ဆောင်ရွက်သည့် ယင်းရွေးချယ်ပွဲတွင် တပ်မတော်အမတ် ဗိုလ်မှူးချုပ်သန်းလွင်က အဆိုတင်ခြင်းဖြစ်ပြီး တပ်မတော်အမတ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က ထောက်ခံခဲ့သည်။

ကန့်ကွက်သူမရှိဘဲ လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (ငြိမ်း) သည် ဒုတိယသမ္မတလောင်းဖြစ်လာသည်။

ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ဦးထင်ကျော်နှင့် ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ဦးဟင်နရီဗန်ထီးယူတို့ကို ဒုတိယသမ္မတလောင်းများအဖြစ် မတ် ၁၁ ၌ပင် မဲပေး ရွေးချယ်ခဲ့ကြသည်။

Ref; မြဝတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly