ပီလီကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသားအားကစားကွင်းကို ကိပ်ဗာဒီ အမည်ပြောင်း

ပီလီကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသားအားကစားကွင်းကို ကိပ်ဗာဒီ အမည်ပြောင်း

အာဖရိကနိုင်ငံ၊ ကိပ်ဗာဒီရဲ့ အမျိုးသားအားကစားကွင်းကို ပီလီနာမည်ဖြင့် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း နိုင်ငံ့ဝန်ကြီးချုပ် ကော်ရီယာအဲ ဆေးဗားလ်က ပြောပါတယ်။

မြို့တော် ပရာယာအပြင်ဘက်က ပရိသတ် ၁၅,၀၀၀ ဆံ့ Estadio Nacional de Cabo Verde ကွင်းဟာ ပီလီအားကစားကွင်း ဖြစ်လာမှာဖြစ်ပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ဘရာဇီးနိုင်ငံရှိ ပီလီရဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ပြောကြားစဉ်က နိုင်ငံတိုင်းဟာ ဒီဇင်ဘာလ ၂၉ ရက်က အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဘောလုံးဂန္တဝင်ကစားသမားကို အစွဲပြုပြီးတော့ အားကစားကွင်းကို နာမည်ပေးသင့်ကြောင်း အဆိုပြုပြီးနောက် အခုလိုသတင်းထွက်ပေါ်လာတာပါ။

“ကိပ်ဗာဒီနဲ့ ဘရာဇီးလ်တို့က ဘာသာစကားနဲ့ အလွန်ဆင်တူတဲ့ ဝိသေသလက္ခဏာတွေနဲ့ ချိတ်ဆက်ထားတဲ့ သူတို့ဟာ ညီအစ်မနိုင်ငံနှစ်နိုင်ငံဖြစ်တယ်လို့ ယူဆထားတာကြောင့် ဆက်စပ်နေတဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုရှိပါတယ်။ ပီလီဟာ ဘရာဇီးလ်၊ ကျနော်တို့ ပေါ်တူဂီစကားပြောနိုင်ငံတွေနဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေမှာ မျိုးဆက်ပေါင်းများစွာကို ချိတ်ဆက်ပေးတဲ့ idol တစ်ဦးအဖြစ် အမြဲတမ်း ရည်ညွှန်းနေပါလိမ့်မယ်။"လို့ ကော်ရီယာအဲ ဆေးဗားလ်က ပြောပါတယ်။

ပီလီဟာ ၂၁ နှစ်တာ ကစားသမားဘဝအတွင်း သူ့နိုင်ငံအတွက် ၉၂ ပွဲမှာ သွင်းဂိုး ၇၇ ဂိုးအပါအဝင် ပွဲပေါင်း ၁,၃၆၃ မှာ ၁,၂၈၁ ဂိုးနဲ့ ကမ္ဘာ့စံချိန်တင် ဂိုးသွင်းယူခဲ့ပြီး  ၂၀၀၀ ပြည့်နှစ်မှာ ဖီဖာရဲ့ ရာစုနှစ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။

ကလပ်အသင်းအတွက် သူကစားခဲ့တဲ့ ဆန်းတို့စ်မြို့ရှိ ပီလီအတွက် တနင်္လာနေ့ အောက်မေ့ဖွယ် အခမ်းအနားမှာ အင်ဖန်တီနိုက ဖီဖာဟာ "ကမ္ဘာပေါ်က နိုင်ငံတိုင်းဟာ သူတို့ရဲ့ ဘောလုံးကွင်းတွေထဲက တစ်ခုကို ပီလီလို့ နာမည်ပေးဖို့"တောင်းဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒန်နီဂျော်ဒန်က ဒါဟာ အားကစားကွင်း အမည်ပေးခြင်းဆိုင်ရာ အခွင့်အရေးတွေနဲ့အတူ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေ ဖြစ်လာစေနိုင်တယ်ဆိုတဲ့ နောက်ပိုင်း စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly