ပါကစ္စတန်ဈေးတွင် ဘာသာရေးခေါင်းဆောင် ၁ ဦး ပစ်သတ်ခံရ

By DAWN
06 January 2023
ပါကစ္စတန်ဈေးတွင် ဘာသာရေးခေါင်းဆောင် ၁ ဦး ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် ဘာဂျားမြို့ရှိ ဈေးတစ်ခုတွင် ဒေသခံ ဘာသာရေးခေါင်းဆောင် မူလာနာအဇီဇူလာတဟီရိသည် ဒီဇင်ဘာ ၂၉ ရက်နေ့က   အမည်မသိ လုပ်ကြံသတ်ဖြတ်သူများ၏ ပစ်သတ်ခြင်းကိုခံခဲ့ရသည်။

ရှန်ခိအလိဇို ဧရိယာတွင် နေထိုင်သူ မူလာနာအဇီဇူလာသည် သူ၏ စာအုပ်ဆိုင်သို့ သွားရာလမ်း၌ နံနက် ၁၀ နာရီခန့်က သေနတ်သမားတစ်စု၏ ပစ်ခတ်မှုခံခဲ့ရသည်ဟု ခရိုင်ရဲအရာရှိ ရှောင်ကက်အလီက ပြောကြားခဲ့သည်။
ဘာသာရေးအဖွဲ့ Jamaat Ashaat-o-Touheed wa Sunnah မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၄၂ နှစ် အရွယ် ဘာသာရေးခေါင်းဆောင်သည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ခရိုင်ဆေးရုံတွင် သေဆုံးသွားခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။
ဆရာဝန်များက ဘာသာရေးခေါင်းဆောင်သေဆုံးကြောင်း အတည်မပြုမီမှာပင် ဘာသာရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းအသီးသီးမှ တတ်ကြွလှုပ်ရှားသူများသည် ဆေးရုံ ကားရပ်နားရာနေရာသို့ စုရုံးရောက်ရှိကြပြီး ထိုဖြစ်ရပ်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဒေသခံများကို လုံခြုံရေးမပေးနိုင်သည့် ရဲတပ်ဖွဲ့၏ ပျက်ကွက်မှုကြောင့် ထိုသို့ဖြစ်ရခြင်းဖြစ်ကြောင်း ဂျူးဖက်ခရိုင်အကြီးအကဲ မိုလာနာအဗ္ဗဒူရာရှိနှင့်တခြားသူများက ဝေဖန်ခဲ့ကြသည်။  
ထို့အတူ ဒီဇင်ဘာ ၂၈ ရက်ညကလည်း လာခိုလိုဇီဒေသရှိ အစိုးရ ဆေးရုံအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ အသက်အိုးအိမ် ဆုံးရှုံးမှု မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly