စတော့ကုန်စည်ဒိုင်များမှ တရုတ်ကုမ္ပဏီများကို စာရင်းပယ်ဖျက်ရေး အမေရိကန် အရှိန်မြှင့်လုပ်ဆောင်

စတော့ကုန်စည်ဒိုင်များမှ တရုတ်ကုမ္ပဏီများကို စာရင်းပယ်ဖျက်ရေး အမေရိကန် အရှိန်မြှင့်လုပ်ဆောင်

အမေရိကန်စတော့ကုန်စည်ဒိုင်တွင် စာရင်းဝင်ထားသော တရုတ်ကုမ္ပဏီများ၏ ဘဏ္ဍာရေးစာရင်းစစ်ဆေးမှုများ ပိုမိုပွင့်လင်းမြင်သာမှုရှိရေးကို အမေရိကန်လွှတ်တော်အမတ်များက ပိုမိုဖိအားပေးတောင်းဆိုလိုက်သည်။

အမေရိကန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက စာရင်းစစ်စာရွက်စာတမ်းများကို အပြည့်အဝ မကြည့်ရှုရပါက နယူးယောက်စတော့ကုန်စည်ဒိုင်နှင့် NASDAQ မှ ကုမ္ပဏီများကို ဖယ်ရှားရေးအတွက် အချိန်ဇယားသတ်မှတ် ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် ဒီဇင်ဘာတွင် အမေရိကန်ကွန်ဂရက်လွှတ်တော်က အတည်ပြု ခဲ့သည်။

လအတန်ကြာ အခြေအနေတင်းမာခဲ့ပြီးနောက် အမေရိကန်အများပိုင်ကုမ္ပဏီစာရင်းအင်းကြီးကြပ်ရေးဘုတ် အဖွဲ့က တရုတ်နှင့် ဟောင်ကောင်ရှိ ကုမ္ပဏီများ၏ စာရင်းစစ်စာရွက်စာတမ်းများ ပထမဆုံးအကြိမ် လုံလောက် စွာ ရရှိကြောင်း ပြောကြားလိုက်သည့်အခါ တင်းမာမှု ပြေလျော့သွားခဲ့သည်။

တာဝန်ရှိသူများက အခြေအနေကို ဆက်လက်သုံးသပ်ပြီး ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ကြောင်း ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၂၃ရက်တွင် အတည်ပြုခဲ့သော ပြဋ္ဌာန်းချက်ကြောင့် ပိုမိုပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာ ခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့က အဆိုပါပြဿနာနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ သဘောထားကွဲလွဲခဲ့ကြပြီး အမျိုးသားလုံခြုံရေးကို စိုးရိမ်ခြင်းကြောင့် မပေးရခြင်းဖြစ်ကြောင်း တရုတ်က ပြောကြားထားသည်။

အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံအသုံးပြုမည် အမေရိကန်အစိုးရရန်ပုံငွေအစီအစဉ်တွင် ပါဝင်သည့် ယင်းပြဋ္ဌာန်းချက်တွင် ဖျက်သိမ်းမှုလုပ်ငန်းစဉ်ကို ၃ နှစ်မှ ၂ နှစ်သို့ လျှော့ချပေးခဲ့ခြင်းကြောင့် အမေရိကန် စတော့ကုန်စည်ဒိုင်တွင် ရောင်းဝယ်ဖောက်ကားနေသည့် ဟောင်ကောင်နှင့် တရုတ် ကုမ္ပဏီ ၂၀ဝ ခန့်ကို သက်ရောက်စေမည် ဖြစ်သည်။

“အမေရိကန်အရင်းအနှီးကို အသုံးပြုတဲ့ နိုင်ငံခြားကုမ္ပဏီတွေ တာဝန်ခံမှုပိုရှိလာရေးအတွက် ကျွန်တော် တိုက်ပွဲ ဝင်နေပါတယ်” ဟု လူဝီစီယားနားမှ ရီပတ်ဘလီကန်အမတ် ဂျွန်ကနေဒီက ကြေညာချက်တွင် ပြောကြားခဲ့ သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အဆိုပါဥပဒေအား မကြာမီ လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly