ကိုဗစ်အခြေအနေအသစ်နှင့် ကိုက်ညီသည့် အစီအမံများဆောင်ရွက်ရန် တရုတ်သမ္မတ တိုက်တွန်း

By Business-standard
30 December 2022
ကိုဗစ်အခြေအနေအသစ်နှင့် ကိုက်ညီသည့် အစီအမံများဆောင်ရွက်ရန် တရုတ်သမ္မတ တိုက်တွန်း

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါကူးစက်မှု ရုတ်တရက် မြင့်တက်လာခြင်းအား ကိုင်တွယ် ဖြေရှင်းရာတွင် ကိုက်ညီသည့် အစီအမံများ ဖော်ဆောင်ရန် ကျန်းမာရေးအရာရှိများအား သမ္မတ ရှီကျင့်ဖျင်က ပထမဆုံး အကြိမ်တိုက်တွန်း ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် အခြေအနေသစ်များ၊ လုပ်ငန်းတာဝန်သစ်များနှင့် ရင်ဆိုင် နေရခြင်းကြောင့် မျိုးချစ်စိတ်ဖြင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ပိုမိုလုပ်ဆောင်သင့်ကြောင်း ၎င်း၏ ညွှန်ကြားချက်အသစ်တွင် ရှီက ပြောကြားခဲ့သည်။

ဒီဇင်ဘာလအစောပိုင်းက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအပြီးတွင် အစိုးရသည် တင်းကျပ်သော ကိုဗစ်လုံးဝ ကင်းစင်ရေး မူဝါဒကို ချက်ချင်း ဖြေလျှော့ပြီးနောက် နိုင်ငံအတွင်း ဆိုးရွားလှသော ကိုဗစ်အခြေအနေနှင့် ပတ်သက်၍ တရုတ်သမ္မတက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ အိုမီခရွန်မျိုးကွဲ ကူးစက်မှုများသည် နိုင်ငံတစ်ဝန်းတွင် ကူးစက်မှုများ များလာခဲ့သည်။

ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို ပြည်သူများလက်လှမ်းမီရေး၊ ကပ်ရောဂါတိုက်ဖျက်ရေးအထောက် အပံ့များကို ထိရောက်စွာ ပံ့ပိုးပေးရေး၊ ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကိုကာကွယ်ရေးအတွက် အစိုးရဌာနတိုင်းက နှစ်ဆတိုး ကြိုးပမ်းအားထုတ်ရန် ပြောကြားခဲ့သည်။

မီးသဂြိုလ်စက်များ အချိန်ပိုအလုပ်လုပ်နေရပြီး မြို့အများအပြားရှိ အထူးကြပ်မတ်ဆောင်များတွင် လူများ ပြည့်ကျပ်နေသော်လည်း တရုတ်အစိုးရက ပေကျင်းမြို့တော်တွင် သေဆုံးသူ ၇ ဦးသာရှိကြောင်း ဆိုခဲ့သည်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ ပေါက်ကြားလာသော အစီရင်ခံစာတစ်စောင်တွင် ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အထိ ကူးစက်မှုများလာခြင်းကြောင့် လူပေါင်း ၂၄၈ သန်းခန့် လူဦးရေ စုစုပေါင်း၏ ၁၇ ဒသမ ၅၆ ရာခိုင်နှုန်းခန့် ကူးစက်ခံနေရကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly