ပါကစ္စတန် ဘာလိုချီစတန်တွင် ပေါက်ကွဲမှုများဖြစ်ပွား၍ လူ ၅ ဦး သေဆုံး

ပါကစ္စတန် ဘာလိုချီစတန်တွင် ပေါက်ကွဲမှုများဖြစ်ပွား၍ လူ ၅ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် လူ ၅ဦး သေဆုံးပြီး အခြား ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း The News International က ဒီဇင်ဘာ ၂၅ ရက်တွင် ဖော်ပြသည်။

“ခုလေးတင်ပဲ ဘာလိုချီစတန်မှာ ပေါက်ကွဲမှုတွေကြောင့် လူ ၅ဦး သေပြီး ၁၀ ယောက် ဒဏ်ရာရတယ်” ဟု ပါကစ္စတန်၏ The News က တွစ်တာတွင်‌ ရေးသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် ကွက်တာမြို့ ဆက်ဘ်ဇဲလ်လမ်းတွင် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုတစ်ခုကြောင့် လူ ၄ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

လမ်းပေါ်သို့ လက်ပစ်ဗုံး နှစ်လုံး ပစ်သွင်းတိုက်ခိုက်ခံရခြင်း ဖြစ်ပြီး တစ်လုံးမှာ ပေါက်ကွဲခဲ့ကာ တစ်လုံးကို စနက်တံဖြုတ်နိုင်ခဲ့ကြောင်း ကွက်တာ ရဲတပ်ဖွဲ့က ပြောသည်။ ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေး နေကြောင်း ကွက်တာ ရဲတပ်ဖွဲ့က ပြောသည်။

ယခုဖြစ်စဉ်အပေါ် ဘာလိုချီစတန်ပြည်နယ်ဝန်ကြီးချုပ် အဗ္ဗဒူလ် ကူဒူးစ် ဘီဇန်ဂျိုက ပြစ်တင်ရှုတ်ချခဲ့ပြီး ကွက်တာ မြို့တွင် လုံခြုံရေး အစီအမံများကို ပိုမို ထိရောက်စေရေး လုပ်ဆောင်ရန် ရဲတပ်ဖွဲ့အကြီးအကဲကို ညွှန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly