ရင်းနှီးမြှုပ်နှံမှုများကိုကာကွယ်ရန် ပါကစ္စတန်စစ်တပ်အား တရုတ်အကူအညီပေးနေ

ရင်းနှီးမြှုပ်နှံမှုများကိုကာကွယ်ရန် ပါကစ္စတန်စစ်တပ်အား တရုတ်အကူအညီပေးနေ

တရုတ်ကဒေသတွင်းရင်းနှီးမြှုပ်နှံမှုများကိုကာကွယ်ရေးအတွက် ဘလူချီစတန်တွင်အတိုက်အခံများကိုထိန်းချုပ် ရန်ပါကစ္စတန်စစ်တပ်အားအကူအညီပေးနေပြီးရေရှည်တွင်ယင်းလုပ်ရပ်များကြောင့် ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်းInsideoverတွင်ဂွါလန်နီကရေးသားခဲ့သည်။

၂၀၂၂ခုနှစ်အောက်တိုဘာလကုန်တွင်ပါကစ္စတန်စစ်တပ်ကဘလူချီစတန်တောင်တန်းများတွင်ဘိုလန်အကြီးစား စစ်ဆင်ရေးကိုဆင်နွှဲခဲ့သည်။

ဘလူးချ်လွတ်မြောက်ရေးတပ်မတော် (BLA) မှပါကစ္စတန်စစ်တပ်နှင့် အကျဉ်းသား လဲလှယ်ရေးဆွေးနွေးပွဲအတွက် ရာဇသံပေးပြီးနောက် ဘိုလန်တွင် စစ်ဆင်ရေးပေါ်ပေါက်လာခြင်းဖြစ်သည်။

ဘလူချီစတန်တွင်အလုပ်လုပ်နေသောတရုတ်ဝန်ထမ်းများ၏လုံခြုံရေးနှင့်ဘေးအန္တရယ်ကင်းရှင်းရေးအတွက်တရုတ်ကပါကစ္စတန်အစိုးရအားဖိအားပေးနေခြင်းကြောင့်BLA ဆန့်ကျင်ရေးစစ်ဆင်ရေးကိုဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းဂွါလန်နီကရေးသားခဲ့သည်။

နှစ်ပေါင်းများစွာပါကစ္စတန်စစ်တပ်သည်ဘလူးချ်သူပုန်များကိုတိုက်ခိုက်ရန်တိုက်လေယာဉ်များနှင့်တိုက်ခိုက်ရေးရဟတ်ယာဉ်များကိုအသုံးပြုခဲ့ရာမှတိုက်ခိုက်ရေးဒရုန်းများကိုအသုံးပြုလာနေသည်။

အွန်လိုင်းသတင်းဝက်ဘ်ဆိုဒ်Balochwarna၏အယ်ဒီတာနှင့်ဗြိတိန်အခြေစိုက်ဘလူချီစတန်လွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့(FBM) ၏ဘဏ္ဍာရေးမှူးအမ်ဘလူးချ်က "တရုတ်က ပါကစ္စတန်ကိုနည်းမျိုးစုံဖြင့်ကူညီပေးနေကြောင်းပြောကြားခဲ့သည်။

ပါကစ္စတန်ကိုတရုတ်ကနည်းပညာများထောက်ပံ့ပေးနေသည်။ဘလူးချ်တိုက်လေယာဉ်များ၏တည်နေရာများကိုခြေရာခံရာတွင်တရုတ်ကပါကစ္စတန်ကိုကူညီပေးနေပြီးဘလူးများကိုလူမျိုးတုံးသတ်ဖြတ်မှုတွင်ပါဝင်ပတ်သက်နေသည်။

တရုတ်နှင့်တူရကီကပါကစ္စတန်အားတိုက်ခိုက်ရေးဒရုန်းအမျိုးမျိုးကိုထောက်ပံ့ပေးခဲ့ကြောင်းBalochistan Post ကတွစ်တာတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly