ပါကစ္စတန်တွင် ရဲတပ်ဖွဲ့က အဂတိအလိုက်စားဆုံး အဖွဲ့အစည်း ဖြစ်နေဟု စစ်တမ်းတစ်ရပ်တွင် တွေ့ရှိ

By The Print
28 December 2022
ပါကစ္စတန်တွင် ရဲတပ်ဖွဲ့က အဂတိအလိုက်စားဆုံး အဖွဲ့အစည်း ဖြစ်နေဟု စစ်တမ်းတစ်ရပ်တွင် တွေ့ရှိ

ပါကစ္စတန်ပြည်သူတို့သည် နိုင်ငံရှိ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု ပျောက်ဆုံးနေပုံပေါ်ကြောင်း စစ်တမ်းလေ့လာချက်သစ်တစ်ရပ်က ထုတ်ဖော်ထားပြီး ပြည်သူများသည် နိုင်ငံတော် တာဝန်ခံမှု ဗျူရို (NAB) အပါအဝင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများအပေါ်တွင်လည်း ယုံကြည်မှု မရှိဘဲ ဖြစ်နေသည် ကို စစ်တမ်းတွင် တွေ့ရှိခဲ့ကြောင်း Pakistan Today မီဒီယာက ဖော်ပြသည်။

နိုင်ငံတွင် အကျင့်ပျက်ခြစားမှု၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ထိန်းချုပ်ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့များ၏ အခန်းကဏ္ဍက “ထိရောက်မှု မရှိ” ဘဲ ဖြစ်နေသည်ဟု စစ်တမ်းဖြေဆိုသူအများစုက ယူဆကြကြောင်း Transparency International က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။

ပါကစ္စတန်တွင် အကျင့်ပျက်ခြစားမှုကို ထိန်းချုပ်ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍက “ထိရောက်မှု မရှိ” ကြောင်း စစ်တမ်းဖြေဆိုသူ ၄၅ ရာခိုင်နှုန်းက ရှုမြင်ကြောင်း အဆိုပါ စစ်တမ်းတွင် တွေ့ရှိသည်။

အကျင့်ပျက်ခြစားမှုကို ထိန်းချုပ်ရာတွင် NAB ၏ အခန်းကဏ္ဍက ထိရောက်မှု ရှိသည်ဟု ဆင်းဒ်ပြည်နယ်တွင် ပြည်သူ ၃၅ ရာခိုင်နှုန်းက ယူဆကြောင်း သိရသည်။

ပန်ဂျပ်ပြည်နယ်၌ ပြည်သူ ၃၁ ရာခိုင်နှုန်း၊ ခိုင်ဘာ ပက်ခ်တွန်ခဝါ၌ ပြည်သူ ၆၁ ရာခိုင်နှုန်းနှင့် ဘာလိုချီစတန်၌ ပြည်သူ ၅၈ ရာခိုင်နှုန်းတို့က ပါကစ္စတန်တွင် အကျင့်ပျက်ခြစားမှုကို ထိန်းချုပ်ရာတွင် မည်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ အခန်းကဏ္ဍကမှ ထိရောက်မှု မရှိဟု ယူဆကြကြောင်း စစ်တမ်းတွင် တွေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required