အနန့်ပါ သွေးစွန်းခြင်း

24 December 2022
အနန့်ပါ သွေးစွန်းခြင်း

ဒီဇင်ဘာလ ၂၄ ရက်

အဲဒီအချိန်မှာပဲ “ ဝုန်းခနဲ ဝုန်းခနဲ " ကျယ်လောင်တဲ့ အသံတွေနဲ့ ရုတ်တရက်ဆိုသလို အဆိုတော် အော်ရာလီနဲ့ ပရိသတ်တွေဟာ ဖရိုဖရဲ လွင့်စင်သွားခဲ့ပါတယ်။ ဂီတသံစဉ်တွေနဲ့ စည်းချက်ကြကြပျော်ရွှင်နေတဲ့ နေရာဟာ စက္ကန့်ပိုင်းအတွင်းမှာဘဲ သွေးသံတရဲရဲနဲ့ ငိုကြွေးဝမ်း နည်းဖြစ်ရတဲ့ အနိဋာရုံမြင်ကွင်းကို ချက်ချင်းပြောင်းလဲသွားပါတော့တယ်။ ဒီဖြစ်စဉ်က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ည ဖားကန့်မြို့နယ် အနန့်ပါကျေးရွာကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် သုံးစင်းနဲ့ ဗုံးကြဲသွားခဲ့တဲ့အချိန် အသက်ဘေးမှ လွတ်မြောက်လာခဲ့တဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးက သူမြင်တွေ့ခဲ့တဲ့ မြင်ကွင်းတွေကို ပြန်ပြောင်းပြောပြခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly