ပြည်သူများ၏နေအိမ်များကို ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့အား ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

23 December 2022
ပြည်သူများ၏နေအိမ်များကို ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့အား ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

ဒီဇင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ပြည်သူများ၏နေအိမ်များကို ဝင်ရောက်မွှေနှောက်ဖျက်ဆီး ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးငယ်များဖြင့်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) မှ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။

မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ တက်လာသောစစ်သင်္ဘောအုပ်စုနှင့် ကျောက်မှော်ရွာနှင့် ကျွန်ပေါ် ရွာရှိ ပြည်သူ့နေအိမ်များကိုဖျက်ဆီးသွားသော စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆို သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မဟာမိတ် များဖြင့်ပူးပေါင်း၍ လက်နက်ကြီးငယ်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေး(စစ်ကောင်စီ)သေတာများမယ်ဗျ။ ကျနော်တို့ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်တော့ သွေး ကွက်တွေ အများကြီးတွေ့ရတယ်။ အရေအတွက်ကိုတော့ အတည်ပြုဖို့ခက်ခဲပါတယ်” ဟု CAF ပြန်ကြား ရေးတာဝန်ခံကပြောသည်။

အထိခိုက်အကျအဆုံးများသော စစ်ကောင်စီတပ်သည် စစ်လေယာဉ်ဖြင့် တစ်နာရီခန့်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ တပ်ပေါင်းစုအနေဖြင့် အထိအခိုက်မရှိသော်လည်း ဒေသခံအဖွဲ့အစည်းများမှ ရဲဘော်နှစ်ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄) တပ်ခွဲ (၃) Monywa Night King PDF နှင့်အတူ B21 ၊ Kani Ice တို့မှ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly