ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းကို ၂ရက်ဆက်တိုက် ဒရုန်းဖြင့်တိုက်ခိုက်  ၊ ရဲ ၄ ဦးသေဆုံး

22 December 2022
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းကို ၂ရက်ဆက်တိုက် ဒရုန်းဖြင့်တိုက်ခိုက်  ၊ ရဲ ၄ ဦးသေဆုံး

ဒီဇင်ဘာလ ၂၂ ရက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နှင့် ၂၂ ရက် နေ့များ တွင် Lion Battalion Commando  ဗျုဟာစစ်ကြောင်း၏ Angry Bird ဒရုန်းစစ်ဆင်ရေးအဖွဲ့  မှ နှစ်ရက်ဆက် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင်း ရဲ တပ်ဖွဲ့ ဝင် လေးဦးသေဆုံးသွားကြောင်း lion battalion Commando  ဗျူဟာစစ်ကြောင်းက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ တိုက်ခိုက်မှုအတွင်း ချောင်းနှစ်ခွ ရဲစခန်းမှ ရဲ လေးဦးကျဆုံး ခဲ့ပြီး ယနေ့ ၂၂ ရက်နေ့ တိုက်ခိုက်မှုတွင် ထိခိုက်ကျဆုံးစာရင်းကိုမှု မသိရသေးကြောင်းဆိုသည်။

“ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လေးဦးကျဆုံးပြီး အဆိုပါကျဆုံးမှုအတွင်း ရဲတပ်သား သုံးဦးနှင့် ရဲမေ တစ်ဦးဖြစ်ကြောင်း မြေပြင်သတင်းပေးပို့မှု အရသိရပါသည်” ဟု lion battalion Commando  ဗျူဟာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Angry Bird Drone Ranger  အဖွဲ့သည် lion battalion Commando  ဗျူဟာစစ်ကြောင်း ၏ ဒရုန်း စစ်ဆင်ရေးအဖွဲ့တစ်ခုဖြစ်ပြီး ဝေဟင်မှ တိုက်ခိုက်မှုများကို lion battalion Commando  ဗျူဟာစစ်ကြောင်း နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့တစ်ခု ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် နိဝင်ဘာလ ၂၁ ရက်နေ့ က Lion Battalion Commando  ဗျူဟာစစ်ကြောင်း၏ ချောင်းနှစ်ခွ ကျေးရွာတိုက်ပွဲတွင်လည်း ဝေဟင်မှ ပူပေါင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့‌ေကြာင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly