မဲဆောက်မြို့က ကရင်နှစ်သစ်ကူး ကောက်သစ်စားပွဲတော် (ရုပ်/သံ)

22 December 2022
မဲဆောက်မြို့က ကရင်နှစ်သစ်ကူး ကောက်သစ်စားပွဲတော် (ရုပ်/သံ)

ဒီဇင်ဘာလ ၂၂ ရက်

အဲမလီဇင် (မဇ္ဈိမ)

နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ ကရင်ရိုးရာ နှစ်သစ်ကူး နေ့ထူးနေ့မြတ်ပွဲတော်ကို ပြာသိုလဆန်း (၁)ရက် ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ကရင်ရိုးရာ ကောက်သစ်စားပွဲတော်လို့လဲ ခေါ်ပါတယ်။

လူမျိုးတိုင်း၊ တိုင်းရင်းသားတိုင်းမှာ ရိုးရာယဉ်ကျေးမှုတွေ ရှိနေပါတယ်။ ဒီရိုးရာအစဉ်အလာပွဲတွေကိုလည်း အစဉ်လာမပြတ် ဂုဏ်ပြုကျင်းပနေကြပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရိုးရာပွဲတော်တွေကို ကျင်းပဖို့ ခက်ခဲလာနေပါတယ်။

ကရင်သက္ကရာဇ် (၂၇၆၂) ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ မယ်ပ (၁၀)ရပ်ကွက်မှာ ကျင်းပသွားတဲ့ ကရင်ရိုးရာ ကောက်သစ်စားပွဲကို ကရင်တိုင်းရင်းသားများနဲ့အတူ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ စည်စည်ကားကား ကျင်းပနိုင်ခဲ့ပါတယ်။

#မဲဆောက်

#ကရင်နှစ်သစ်ကူး

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly