တရုတ်ထုတ်လုပ်သူများကတီထွင်ထုတ်လုပ်ထားသောမူလနည်းပညာကိုအသုံးပြုထားသည့်တရုတ်ကွန်ပျူတာပရိုဆက်ဆာများကိုရုရှားအပါအဝင်အခြားနိုင်ငံများသို့တင်ပို့တော့မည်မဟုတ်ကြောင်းဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့်နီးစပ်သူတစ်ဦးကို ကိုးကား၍ စီးပွားရေးသတင်းစာဖြစ်သည့် Kommersantသတင်းဌာနကဖော်ပြလိုက်သည်။
အဆိုပါ ကန့်သတ်ချက်ကြောင့် Intel ကဲ့သို့ ချစ်ပ်ပြီးထုတ်လုပ်သည့် အဓိက ကုမ္ပဏီကြီးများက ချစ်ပ်ပြားအစားထိုးပစ္စည်းများ ထုတ်လုပ်မည့် အစီအစဉ်အပေါ် သက်ရောက်မှု ရှိလာနိုင်သည်။
သတင်းထွက်ပေါ်နေသောပိတ်ပင်မှုသည်LoongArch instruction set architecture (ISA) ကို အသုံးပြုသည့်Loongson Technology မှ ထုတ်လုပ်သော CPU အသစ်များအပေါ် သက်ရောက်မှုရှိနိုင်သည်။
ISA က ပရိုဆက်ဆာ၏အချက်အလက်ကို ကိုင်တွယ်ပုံအား ထိန်းချုပ်ပေးပြီး ယင်းကို အသုံးပြုသည့် ကွန်ပျူတာ၏ စက်လည်ပတ်မှုစနစ်ကို ချိန်ညှိမှုများ လုပ်ဆောင်ရန် လိုအပ်သည်။
LoongArch ပရိုဆက်ဆာကို၂၀၂၁ခုနှစ်ဧပြီလတွင် စတင်မိတ်ဆက်ခဲ့ပြီးပြည်တွင်းတရုတ်ကွန်ပျူတာလုပ်ငန်းအား နိုင်ငံခြားနည်းပညာအပေါ် မှီခိုမှုနည်းပါးစေရန်ရည်ရွယ်ထုတ်လုပ်ခဲ့သည်။
ISA ကအသစ်ကိုအသုံးပြုသည့် ပထမဆုံးCPU စီးရီးကို၂၀၂၁ခုနှစ်နှောင်းပိုင်းတွင်ထုတ်လုပ်ခဲ့သည်။
တရုတ်အစိုးရကအမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကိုထည့်သွင်းစဉ်းစားမှုများကြောင့်အခြားနိုင်ငံများသို့ LoongArch အခြေပြုCPU များတင်ပို့ခြင်းကို ပိတ်ပင်ခဲ့ကြောင်းKommersant သတင်းဌာနက ဖော်ပြခဲ့သည်။
“တရုတ်ကအကောင်းဆုံးChipset တွေကိုစစ်တပ်စက်မှုလုပ်ငန်းတွေက အသုံးပြုနေတာကြောင့် နိုင်ငံခြားဈေးကွက်မှာမရနိုင်တာပါ”ဟုသတင်းရင်းမြစ်ကိုကိုးကားဖော်ပြခဲ့သည်။