မုံရွာမြို့နယ် တောပု ပျူစောထီးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

20 December 2022
မုံရွာမြို့နယ် တောပု ပျူစောထီးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ဒီဇင်ဘာလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အရှေ့တောင်ဘက်ရှိ တောပု ပျူစောထီးကျေးရွာတွင် မူးယစ်သောက်စား ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက် သေဆုံးမှုများရှိနိုင်ကြောင်း မုံရွာခရိုင် အမှတ်(၅)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

“ဒီတိုက်ပွဲမှာက ကျနော်တို့ လက်နက်ကြီးကို အဓိကထားသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြာချိန် မိနစ် ၃၀ ခန့် ရှိခဲ့တယ် ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူး ဗျ။ စစ်ကောင်စီတပ်နဲ့ပျူတွေ ဘက်ကတော့ ထိခိုက် သေဆုံးမှုတွရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ယင်းတိုက်ပွဲကို မုံရွာခရိုင် တပ်ရင်း(၅) ၊ SGF ၊ Generation Z PDF ၊ ဗန္ဓုလ နှင့် အဖွဲ့သားများ ၊ မုံရွာခရိုင် အမှတ်(၈) တပ်ရင်း ၊ မုံရွာခရိုင် အမှတ်(၉) တပ်ရင်း ၊ မုံရွာခရိုင် အမှတ် (၁၀) တပ်ရင်း ၊ Dragon Brother Force ၊ Black Wolf Defense Force နှင့် မဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly