တရုတ်၏ နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုများကို တန်ပြန်အရေးယူရန် ထိုင်ဝမ်NGO များတောင်းဆို

တရုတ်၏ နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုများကို တန်ပြန်အရေးယူရန် ထိုင်ဝမ်NGO များတောင်းဆို

တရုတ်၏နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုကိုတန်ပြန်ရေးကြိုးပမ်းအားထုတ်မှုများကိုအရှိန်မြှင့်ရန်အစိုးရအားထိုင်ဝမ်အရပ်ဖက်အဖွဲ့များက ဒီဇင်ဘာ၁၀ရက်တွင် တောင်းဆိုလိုက်သည်။ တရုတ်ရွှေ့ပြောင်းနေထိုင်သူများနှင့်ပြည်ပရောက်အတိုက်အခံများကိုနှုတ်ပိတ်ရေးတရုတ်အစိုးရက နယ်စပ်ဖြတ်ကျော် လုပ်ဆောင်နေခြင်းအား ရည်ညွှန်းသည့် လှုပ်ရှားမှုများကို နိုင်ငံအများအပြားက သတိပြုမိ ကြသည့်အတွက် ထိုင်ဝမ်သည် ယင်းပြဿနာကို ဖြေရှင်းရန်ဒီမိုကရေစီမဟာမိတ်များနှင့်ပူးပေါင်းသင့်သည်ဟုတိုင်ပေမြို့တွင်ပြုလုပ်သည့်လူ့အခွင့်အရေးနေ့သတင်းစာရှင်းလင်းပွဲတွင်ယင်းအဖွဲ့များကပြောကြားခဲ့သည်။

ဒေသတွင်းသို့မဟုတ်ပြည်ပမှထိုင်ဝမ်လူမျိုးများကိုနှောင့်ယှက်ရန်ကြိုးပမ်းနေသည့်တရုတ်အစိုးရအား ထောက်ခံသည့်အဖွဲ့များကိုထိုင်ဝမ်အစိုးရကစုံစမ်းစစ်ဆေးသင့်ကြောင်း ထိုင်ဝမ်လူ့အခွင့်အရေးအဖွဲ့၊Safeguard Defenders ၊တိဗက်နှင့်ထိုင်ဝမ်အခွင့်အရေးကွန်ရက်တို့အပါအဝင်အဖွဲ့များက ထောက်ပြခဲ့သည်။

အာဏာရှင်သို့မဟုတ်ဒီမိုကရေမဟုတ်သည့်နိုင်ငံများမှထွက်ပြေးလာသည့်နိုင်ငံရေးအတိုက်အခံများကိုကူညီရန် အစိုးရက ကမ္ဘာ့စံနှုန်းများနှင့်အညီ ဌာနတစ်ခုထူထောင်သင့်သည်ဟုယင်းအဖွဲ့များကဆိုသည်။

ထိုင်ဝမ်နိုင်ငံသားများလွှဲပြောင်းရေးကိစ္စများတွင်တရုတ်၏ဝင်ရောက်စွက်ဖက်မှုကိုရှောင်ရှားရန်ထိုင်ဝမ်က ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များတွင်အပြန်အလှန်တရားရေးအကူအညီများဆိုင်ရာသဘောတူညီချက်များပိုမိုရရှိအောင်ကြိုးပမ်းသင့်ကြောင်းယင်းအဖွဲ့များကဆိုသည်။

ထိုင်ဝမ်ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလီမင်ချီသည်၂၀၁၇ခုနှစ်မတ်လ၁၉ရက်က တရုတ်နိုင်ငံ၊ကွန်တုံပြည်နယ်သို့သွားရောက်စဉ် တရုတ်အစိုးရကိုတိုက်ခိုက်သည့်ဆောင်းပါးများနှင့်သတင်းမှားများဖြန့်ဝေရန်အွန်လိုင်းဆွေးနွေးရေးအဖွဲ့များကိုအသုံးပြုခဲ့သည်ဟုစွပ်စွဲကာဖမ်းဆီးခံခဲ့ရသည်။

အခြေအနေမဆိုးရွားမီထိုင်ဝမ်အစိုးရအနေဖြင့်အရေးယူဆောင်ရွက်သင့်သည်ဟုလီကပြောကြားခဲ့ပြီးနိုင်ငံတကာအဆင့်တွင်လည်းဖြစ်နိုင်သမျှမြန်မြန်ယင်းကိစ္စကိုဆွေးနွေးသင့်ကြောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required