တရုတ်ကွန်မြူနစ်ပါတီကိုဆန့်ကျင်သူအား ခြိမ်းခြောက်သည့် အမေရိကန်မှ တရုတ်ကျောင်းသား ဖမ်းဆီးခံရ

တရုတ်ကွန်မြူနစ်ပါတီကိုဆန့်ကျင်သူအား ခြိမ်းခြောက်သည့် အမေရိကန်မှ တရုတ်ကျောင်းသား ဖမ်းဆီးခံရ

တရုတ်နိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးထောက်ခံအားပေးသော လက်ကမ်းစာစောင်များဖြန့်ဝေနေသူကို နှောင့်ယှက်စော်ကားသည့် အမေရိကန်မှ တရုတ်ကျောင်းသားကို ဖမ်းဆီးထားကြောင်း အမေရိကန် တရားရေးဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောသည်။

“တရုတ်နိုင်ငံမှာ ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ ထောက်ခံတဲ့အနေနဲ့ လက်ကမ်းကြော်ငြာတွေ ဝေတဲ့သူကို ခြိမ်းခြောက်နှောင့်ယှက်မှုနဲ့ ဘာကလီဂီတကောလိပ်က တရုတ်နိုင်ငံသား ကျောင်းသားတစ်ဦးကို ဖမ်းဆီးပြီး တရားစွဲဆိုထားပါတယ်” ဟု တရားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဟောင်လျဲ့ဝူအမည်ရ ကျောင်းသားကို ခြိမ်းခြောက်နှောင့်ယှက်မှုဖြင့် တရားစွဲထားပြီး ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ဘော်စတွန်မြို့ရှိ တရားရုံးတွင် ပထမအကြိမ် ရုံးတင်စစ်ဆေးသွားမည်ဟု ဆိုသည်။ တရားရေးဌာနသည် လွတ်လပ်စွာပြောဆိုခြင်းနှင့် နိုင်ငံရေးထုတ်ဖော်ပြောဆိုခွင့်ကို အမြဲတမ်း ကာကွယ်ပေး ကြောင်းနှင့် ဝူ၏ ခြိမ်းခြောက်နှောင့်ယှက်သော အပြုအမူသည် တရုတ်နိုင်ငံကို ဆန့်ကျင်သော အမြင်ကို ထုတ်ဖော်ပြောဆိုသူအား နှုတ်ဆိတ်ရန်နှင့် ခြိမ်းခြောက်ရန် ကြိုးပမ်းအားထုတ်မှုဖြစ်သည်ဟု အမေရိကန် ရှေ့နေချုပ် ရေချယ်အက်စ်ရိုလင်းက ပြောသည်။

“အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်)က အာဏာရတရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင် ပြောဆိုတဲ့ တက်ကြွလှုပ်ရှားသူရဲ့ အခွင့်အရေးတွေကို အကြိမ်ကြိမ်ခြိမ်းခြောက်နှောင့်ယှက်တဲ့ ရှောင်လျဲ့ဝူကို ဖမ်းဆီးခဲ့ပါတယ်” ဘော်စတွန် အက်ဖ်ဘီအိုင်မှ အထူးအေးဂျင့် က ပြောသည်။

ခြိမ်းခြောက်မှုစွဲချက်အတွက် ထောင်ဒဏ် ၅ နှစ်၊ ၃ နှစ်ကာလ စောင့်ကြည့်မှုဖြင့်လွှတ်ပေးခြင်းနှင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၅၀ ၀၀၀ အထိ ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly