TeamViewer နဲ့ ဂျာစီ စပွန်ဆာစာချုပ်ကို အဆုံးသတ်လိုက်တဲ့ မန်ချက်စတာယူနိုက်တက်

TeamViewer နဲ့ ဂျာစီ စပွန်ဆာစာချုပ်ကို အဆုံးသတ်လိုက်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျာမန်ကုမ္ပဏီ TeamViewer နဲ့ သူတို့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် သဘောတူညီမှုရယူအပြီး ဂျာစီအင်္ကျီစပွန်ဆာအသစ်ကို ရှာဖွေနေပါတယ်လို့ သိရပါတယ်။

Chevrolet ကို ၂၀၂၁ မတ်လမှာ အစားထိုးဖို့အတွက် TeamViewer နဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

TeamViewer ရဲ့ နာမည်ဟာ စပွန်ဆာအသစ်မတွေ့ရှိမချင်း ယူနိုက်တက်ရဲ့ ဂျာစီတွေမှာ ရှိနေမှာဖြစ်ပါတယ်။

ကလပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ "ပြီးခဲ့တဲ့ လတွေအတွင်း ပူးပေါင်းဆောင်ရွက်တာ၊ သီးသန့်ဆွေးနွေးမှုတွေအပြီးမှှာ မန်ချက်စတာယူနိုက်တက်နဲ့ TeamViewer AG တို့ဟာ ကလပ်ရဲ့ ဂျာစှီရှ့စပွန်ဆာ ပြန်လည်ဝယ်ယူခွင့်ရှိစေမယ့် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ပါတယ်။ "လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly