ပေါ်တူဂီနည်းပြရာထူးကနေ နုတ်ထွက်လိုက်ပြီဖြစ်တဲ့ ဖာနန်ဒိုဆန်းတို့စ်

 ပေါ်တူဂီနည်းပြရာထူးကနေ နုတ်ထွက်လိုက်ပြီဖြစ်တဲ့ ဖာနန်ဒိုဆန်းတို့စ်
Photo: EPA

ဖာနန်ဒိုဆန်းတို့စ်ဟာ ပေါ်တူဂီနည်းပြရာထူးက နုတ်ထွက်လိုက်ပါတယ်။

အသက် (၆၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြဟာ ကမ္ဘာ့ဖလားမှာ မော်ရိုကိုကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ်အပြီး နုတ်ထွက်ခဲ့တာပါ။

ဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းကို ရှစ်နှစ်ကြာ တာဝန်ယူခဲ့ပြီး ၂၀၁၆ ယူရိုမှာ အောင်ပွဲခံပြီး ၂၀၁၉ မှာ စတင်ကျင်းပတဲ့ UEFA Nations League မှာလည်း ဖလားဆွတ်ခူးခဲ့ပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် (FPF) က “ဖာနန်ဒိုဆန်းတို့စ်နဲ့ သူ့ရဲ့နည်းစနစ်အဖွဲ့ကို ရှစ်နှစ်တာကာလအတွင်း ထူးခြားတဲ့ဆောင်ရွက်မှုပေးခဲ့တဲ့အတွက် FPF က ကျေးဇူးတင်ကြောင်းနဲ့ ပေါ်တူဂီပြည်သူတွေရဲ့ကိုယ်စား အခုလို ကျေးဇူးတင်ရှိပါတယ်။

"FPF ဘုတ်အဖွဲ့ဟာ လာမယ့် နိုင်ငံ့နည်းပြရွေးချယ်ရေး လုပ်ငန်းစဉ်ကို အခုစတင်တော့မှာဖြစ်ပါတယ်။"

ဒါပေမယ့်လည်း သူ့စာချုပ်သက်တမ်းက ယူရို ၂၀၂၄ အထိ စာချုပ် ချုပ်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly