အမိုးဖွင့်ထောင်အတွင်းက လွတ်မြောက်ဖို့ ကြိုးစားနေသူတွေ

14 December 2022
အမိုးဖွင့်ထောင်အတွင်းက လွတ်မြောက်ဖို့ ကြိုးစားနေသူတွေ

ဒီဇင်ဘာလ ၁၄ ရက်

ရခိုင်ပြည်နယ်မှာ ရှိတဲ့ရိုဟင်ဂျာတွေဟာ ဒုက္ခသည် စခန်းတွေမှာ ဆယ်စုနှစ် တစ်စုကြာ ခရီးသွားလာခွင့်နဲ့ ပညာသင်ကြားခွင့် ပိတ်ပင် ခံရမှုတွေကြောင့် ပညာမဲ့၊ အလုပ်မဲ့ ဖြစ်လာပြီး စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ ပိုပြီး စွန့်ခွာထွက်ပြေးဖို့ ကြိုးစား လာကြတာပါ။

ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေရဲ့ ပြောပြချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကို သွားကြမယ့် ရိုဟင်ဂျာ ၃,၀၀၀ လောက်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံထားရပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှု လဝက ဥပဒေအရ အလုပ်ကြမ်းနဲ့  နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် အရေးယူ ခံနေရပါတယ်။ အဲ့ဒီထဲမှာ ရိုဟင်ဂျာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ ပါဝင်နေပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly