ဒီပဲယင်းတွင် စစ်ကောင်စီက နေ့စဉ်ရက်ဆက်မီးရှို့နေလို့ ဒေသခံ သောင်းချီ မီးဘေးသင့်ကာ အကူအညီများ လိုအပ်နေ

14 December 2022
ဒီပဲယင်းတွင် စစ်ကောင်စီက နေ့စဉ်ရက်ဆက်မီးရှို့နေလို့ ဒေသခံ သောင်းချီ မီးဘေးသင့်ကာ အကူအညီများ လိုအပ်နေ

ဒီဇင်ဘာလ ၁၄ ရက်

ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၂ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ ဖျက်စီး မှုကြောင့် ကျေးရွာပေါင်း ၁၉ ရွာ က နေအိမ်ပေါင်း ၁၆၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့တာ ပါ။ နေအိမ် မီးလောင်ဆုံးရှုံးသွားတဲ့ မီးဘေးသင့် ပြည်သူတစ်သောင်းကျော်လောက်ရှိနေပြီး  စားနပ်ရိက္ခာလို အပ်ချက်များ ရှီနေတယ်လို့  ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ ရေးအဖွဲ့ ကတာဝန်ရှိသူတစ်ဦးက ပြော ပါတယ်။

မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေ အနေနဲ့ လည်း မီးဘေးသင့် ပြည်သူတွေကို အကူအညီ တွေ ပေးနေပေမယ့် မီးဘေးသင့် ပြည်သူအရေအတွက် များလွန်းတာ ကြောင့် ရေရှည်ထောက်ပံ့ပေးနိုင်ရေးအတွက် စိန်ခေါ်မှုအခက်အခဲတွေ ရှိနေတယ်လို့ ဒီပဲယင်းညီနောင်များ အဖွဲ့ က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒီပဲယင်း မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ပထမအကြိမ် စစ်ကြောင်းထိုး မီးရှို့ဖျက်စီးမှုကြောင့် နေအိမ် ပေါင်း ၁၃၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး မီးဘေးသင့် ပြည်သူတစ်သောင်းကျော်လောက်ရှီခဲ့ပါတယ်။ ယခုတစ်ကြိမ် မှာတော့ နေအိမ် ၁၆၀၀ ကျော် မီးလောင်ပျက်စီးပြီး နောက်ထပ် ပြည်သူတစ်သောင်းကျော် မီး ဘေးသင့်ခဲ့လို့ ဒီပဲယင်းမြို့နယ် တစ်ခုတည်းမှာ ပင် စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် နေအိမ် ၃၀၀၀ လောက် မီးလောင်ပျက်စီး ခဲ့ပြီး ပြည်သူ နစ်သောင်း လောက် မီးဘေးဒုက္ခသည်များ အဖြစ် ရပ်တည် နေကြရတာ လည်းဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly