ပါကစ္စတန် မြောက်ဝါဇီရစ္စတန်တွင် စိန်ရွှေရတနာဆိုင်ရှင်နှင့် မိတ်ဆွေ ၂ ဦး ပြန်ပေးဆွဲခံရပြီး အသတ်ခံရ

ပါကစ္စတန် မြောက်ဝါဇီရစ္စတန်တွင် စိန်ရွှေရတနာဆိုင်ရှင်နှင့် မိတ်ဆွေ ၂ ဦး ပြန်ပေးဆွဲခံရပြီး အသတ်ခံရ

ပါကစ္စတန်နိုင်ငံ မြောက်ဝါဇီရစ္စတန်ခရိုင် မီအာ အလီ ဈေးအနီးတွင် နိုဝင်ဘာ ၂၉ ရက်ညပိုင်းက စိန်ရွှေရတနာဆိုင်ရှင် ၁ ဦး နှင့် မိတ်ဆွေ ၂ ဦး အပါအဝင် လူ ၃ ဦးထက်မနည်းကို အမည်မသိ လူတစ်စုက ပြန်ပေးဆွဲခေါ်ဆောင်ပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

ဘန်နူခရိုင်မှ စိန်ရွှေရတနာဆိုင်ရှင်နှင့် မိတ်ဆွေ ၂ ဦးတို့ကို မည်သူမည်ဝါ မသိရသော ကျူးလွန်သူများက ပြန်ပေးဆွဲကာ သတ်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောသည်။

သတ်ဖြတ်မှု၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို မသိရသေးကြောင်း ရဲများက ပြောသည်။

အသတ်ခံရသူများ၏ အလောင်းများကို နောက်တစ်နေ့မနက်တွင် မီအာရ် အလီ ဈေးအနီး လယ်ကွင်းများမှ ပြန်ရှာတွေ့ခဲ့ကြောင်း ရဲများက ပြောသည်။

အဆိုပါ ၃ လောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်နေကြောင်း ရဲများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly