အီရတ်က တရုတ်အား မှီခိုအားထားမှုမှ ရုန်းထွက်ရန် တရုတ်ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို ငြင်းဆိုခဲ့သည်။
ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် ယုံကြည်မှုအားနည်းလာချိန်တွင် အီရတ်က တရုတ်၏ ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှုကို ကန့်သတ်ရန် ကြိုးပမ်းနေကြောင်း Asian Lite International က ဖော်ပြသည်။
ရေနံမြေများကို ပိုမိုထိန်းချုပ်လာနိုင်သဖြင့် တရုတ်ကုမ္ပဏီများနှင့် အဓိကသဘောတူညီချက် ၃ ခုကို ၂၀၂၂ ခုနှစ် မေလတွင် အီရတ်ရေနံဝန်ကြီးဌာနက တားမြစ်လိုက်သည်။
အဆိုပါ သဘောတူညီချက်များတွင် ရုရှား၏ Lukoil၊ ဗြိတိန်၏ BP နှင့် အမေရိကန်ရေနံကုမ္ပဏီကြီး Exxon Mobil တို့က တရုတ်အစိုးရ ကျောထောက်နောက်ခံပြုကုမ္ပဏီများထံ အစုရှယ်ယာများ ရောင်းချလိုသော လုပ်ငန်းများ ပါဝင်သည်။
သို့သော် အီရတ်ရေနံဝန်ကြီးဌာနက အဆိုပါ သဘောတူညီချက်များ အကောင်အထည်ပေါ်မလာစေရန် တားမြစ်ခဲ့ကြောင်း Asian Lite International က ဖော်ပြသည်။
ရေနံသည် ကမ္ဘာ့နိုင်ငံရေးတွင် အမြဲတမ်း အဓိကနေရာတွင် ရှိနေပြီး၊ ၂၁ ရာစုတွင် စွမ်းအင်သည် စီးပွားရေး တိုးတက်မှုအတွက် အရေးပါသော မောင်းနှင်အားဖြစ်လာခြင်းကြောင့် အရေးပါမှုသည် ပို၍ တိုးလာခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် အီရတ်သည် အရန်ရေနံသိုက်များ အများအပြားပိုင်ဆိုင်သည့် နိုင်ငံတစ်ခုဖြစ်သည်။ အီရတ်သည် တရုတ်နိုင်ငံခြားရေးမူဝါဒအတွက် အရေးကြီးလာသလို တရုတ်အတွက် တတိယအများဆုံး ရေနံတင်သွင်းသူဖြစ်သည်။
တရုတ်၏ အီရတ်၏ ထိပ်တန်းရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အီရတ်သည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများမှ အကျိုး အမြတ်များရနေပြီး ဓာတ်အားပေးစက်ရုံနှင့် လေဆိပ်ကဲ့သို့သော အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများ အတွက် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံရရှိခဲ့ကြောင်း Asian Lite International က ဖော်ပြခဲ့သည်။