ဆန္ဒပြမှုများက တရုတ်သမ္မတ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ

ဆန္ဒပြမှုများက တရုတ်သမ္မတ၏ ဂုဏ်သိက္ခာကို ထိခိုက်စေ

တရုတ်တွင် ပြည်သူများ၏ မကျေနပ်မှုများနှင့် စိတ်ပျက်မှုက ကန့်သတ်ချက်အားလုံးကို ကျော်လွန်သွားသော ကြောင့် ပြင်းထန်လွန်းသော ကိုဗစ်မူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြမှုများသည် တရုတ်သမ္မတ ရှီ၏ ခေါင်းဆောင် မှုကို ထိခိုက်စေခဲ့သည်။

တရုတ်တွင် တင်းကျပ်သော ကိုဗစ်စည်းမျဉ်းများသည် သန်းနှင့် ချီသောလူများ၏ ဘဝများအပေါ် အပျက်သဘော သက်ရောက်စေခဲ့သည်။

ယခုတောင်းဆိုချက်များသည် လွတ်လပ်စွာပြောဆိုခွင့်နှင့် လူ့အခွင့်အရေးလေးစားမှုတို့ အပါအဝင် ကန့်သတ် ချက်များကို ဖြေလျှော့ပေးရုံဖြင့် မရတော့ကြောင်း Global Strat View က ဆိုသည်။

ရှန်ဟိုင်းမှ ပေကျင်း၊ ကွမ်ကျိုးမှ ချန်ဒူးအထိ ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး အဓိက မြို့ကြီးများ၏ လမ်းများနှင့် တက္ကသိုလ်ကျောင်းဝန်းများတွင် ထောင်နှင့် ချီသည့် လူများစုဝေးပြီး တင်းကျပ်သည့် ကိုဗစ် မူဝါဒကို အချိန်ကာလတစ်ခု သတ်မှတ်ပေးရန်တောင်းဆိုခဲ့ကြသည်။

ရှီ၏ ဂုဏ်သတင်းကို ယင်းဆန္ဒပြမှုများက ထိခိုက်စေခဲ့သည်။

ယခင်က ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို တရုတ်အစိုးရက ထိရောက်စွာ အဆုံးသတ်နိုင်ခဲ့သော်လည်း လက်ရှိ ဆန္ဒ ပြသူများကို ဖြိုးခွင်းခြင်းသည် ၁၉၈၉ခုနှစ် တီအန်မင်ရင်ပြင် ဆန္ဒပြဖြိုခွင်းမှုအား လျင်မြန်စွာ ပြန်လည် အမှတ်ရ စေမည်ဖြစ်သည်။

ရလဒ်အနေဖြင့် ယင်းဆန္ဒပြမှုများသည် ရေရှည်တွင် သိသိသာသာ အကျိုးသက်ရောက်မှုရှိလိမ့်မည် ဟု Global Strat View က ဖော်ပြခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများသည် ၁၉၈၉ခုနှစ် တီအန်မင်ရရင်ပြင် ဒီမိုကရေစီရေးလှုပ်ရှားမှုနောက်ပိုင်း တရုတ်ကြုံတွေ့နေရသည့် အကြီးမားဆုံးသော အုံကြွမှုကြီးတစ်ခုဖြစ်သည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြသူများကို လူစုခွဲရန် ရည်ရွယ်သည့် တုံ့ပြန်မှုသည် ပိုမိုဆိုးရွားသွား ဖွယ်ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required