ကမ္ဘာ့ဖလားမှာ 'ထိခိုက်နစ်နာခံစားရသူတွေ'ကို လျော်ကြေးပေးဖို့ ဖီဖာအကြီးအကဲကို စည်းရုံးလှုံ့ဆော်သူတွေ တိုက်တွန်း

ကမ္ဘာ့ဖလားမှာ 'ထိခိုက်နစ်နာခံစားရသူတွေ'ကို လျော်ကြေးပေးဖို့ ဖီဖာအကြီးအကဲကို စည်းရုံးလှုံ့ဆော်သူတွေ တိုက်တွန်း

ဖီဖာဥက္ကဌ ဂီယာနီ အင်ဖန်တီနိုရဲ့ ဇာတီမြို့က စည်းရုံးလှုံ့ဆော်သူတွေဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အခြေခံအဆောက်အဦးတွေ တည်ဆောက်စဉ်က သေဆုံးခဲ့တာ ဒါမှမဟုတ် ခေါင်းပုံဖြတ်ခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လျော်ကြေးပေးဖို့ ဗုဒ္ဓဟူးနေ့က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ကာတာမှာ ကွာတားဖိုင်နယ်အဆင့်ကို ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသား တက်ကြွလှုပ်ရှားရေးအဖွဲ့ Avaaz ဟာ ဆွစ်ဇာလန်နိုင်ငံ၊ တောင်ပိုင်းက ဘရတ်ဒ်မြို့ကို မိုဘိုင်းဘေလ်ဘုတ်တွေနဲ့ ဖြတ်မောင်းရင်း "ဒီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ထိခိုက်နစ်နာခံစားရသူတွေ"ကို ချက်ချင်း လျော်ကြေးပေးဖို့ တောင်းဆိုကြပါတယ်။

ကာတာနိုင်ငံရဲ့ ကမ္ဘာ့ဖလားထိပ်တန်းတာဝန်ရှိသူ ဟာဆန် အယ်လ် တာဗါဒီက ပြိုင်ပွဲကျင်းပမယ့်နှစ်တွေအတွင်း ပင်လယ်ကွေ့ပြည်နယ်မှာ လုပ်ငန်းခွင်မတော်တဆမှုကြောင့် ရွှေ့ပြောင်းအလုပ်သမား ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ပြောခဲ့ပါတယ်။

ကာတာဟာ နိုင်ငံရပ်ခြားအလုပ်သမားတွေ သေဆုံးမှုအရေအတွက်အတွက် တိကျတဲ့ ကိန်းဂဏန်းတွေကို တစ်ခါမျှ ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့်လည်း အလုပ်သမားတွေ ထောင်နှင့်ချီပြီး သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောဆိုမှုကို နိုင်ငံက ငြင်းဆိုထားပါတယ်။

အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ဆုံးရှုံးခဲ့ရတဲ့ လုပ်ခလစာမရရှိသေးတဲ့ ပမာဏနဲ့ နာရီပေါင်းများစွာ ပိတ်ရက်မရှိ အခြေအနေတွေကို တိုင်ကြားထားတဲ့ အလုပ်သမားတွေ ကြုံတွေ့ခဲ့ရတဲ့ ချိုးဖောက်မှုတွေအတွက် ပြန်လည်ကုစားရေး အစီအစဉ်တစ်ရပ်ကို ထူထောင်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)နဲ့ တခြားအဖွဲ့ ၂၃ ဖွဲ့က မေလအတွင်းက အင်ဖန်တီနိုထံ စာရေးခဲ့ပြီး သူ့ကို တိုက်တွန်းထားပါတယ်။

ကာတာက ကမ္ဘာဖလားတည်ဆောက်ရာမှာ ရွှေ့ပြောင်းသူတွေ သိန်းနဲ့ချီရှိခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုကို ကိုးကားပြီး လူပေါင်း ၇၂၅,၀၀၀ နီးပါးက Avaaz ရဲ့ တောင်းခံစာမှာ လက်မှတ်ရေးထိုးခဲ့ကြပြီး ထိခိုက်နစ်နာခံစားရသူတွေအတွက် လျော်ကြေးငွေ ဒေါ်လာ သန်း ၄၄၀ ပေးဖို့ အင်ဖန်တီကို တောင်းဆိုခဲ့ပါတယ်။

နှလုံးသားကင်းမဲ့ခြင်းနဲ့ လောဘတက်ခြင်း

ကမ္ဘာ့ဖလားအကြိုသတင်းစာရှင်းလင်းပွဲမှာ အင်ဖန်တီနိုက ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ကာတာရဲ့ ဆက်ဆံပုံ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ ဆွစ်ဇာလန်နိုင်ငံကို အီတလီရွှေ့ပြောင်းအခြေချသူတွေရဲ့ သားအဖြစ် သူရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ ချိတ်ဆက်ပြောဆိုခဲ့ပါတယ်။

Avaaz အဖွဲ့ဟာ ဘရိတ်ဒ်ကို ဖြတ်မောင်းနှင်ရင်း "အင်ဖန်တီနို - မင်းမိသားစုက ရွှေ့ပြောင်းနေထိုင်သူတွေပါ။ သူတို့လို ထောင်ပေါင်းများစွာဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သားကောင်တွေဖြစ်ခဲ့ရတယ်။ သူတို့ကို အခုပဲ လျော်ကြေးပေးလိုက်ပါ။"လို့ မိုဘိုင်းလ်ဘေလ်ဘုတ်သုံးခုမှာ ရေးသားခဲ့ပါတယ်။

Avaaz က တက်ကြွလှုပ်ရှားသူ အန်ဒီ လီဂွန်က "ဒီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာသူတွေကို လျော်ကြေးပေးဖို့လိုတယ်။ ထောင်နဲ့ချီတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ခေါင်းပုံဖြတ်ခံခဲ့ရပြီး ရွှေ့ပြောင်းအလုပ်သမားတွေလည်း အမှန်တကယ် သေဆုံးသွားခဲ့တယ်။"လို့ AFP ကိုပြောပါတယ်။

"သူ့ရဲ့ဂုဏ်သိက္ခာက အခုတကယ့်ကို လမ်းကြောင်းပေါ် ရောက်နေပါပြီ။ သူဥက္ကဌအဖြစ် အရွေးခံရတုန်းက ဖီဖာရဲ့ဂုဏ်သိက္ခာကို ရှင်းလင်းရေးလုပ်ပြီး ရလဒ်ကိုကြည့်မယ်လို့ ပြောခဲ့ပါတယ်။"

Avaaz ဥပဒေရေးရာ ဒါရိုက်တာ ဘီတာ အန်ဒီမာရီယန်က အင်ဖန်တီနိုဟာ ဖီဖာအဖွဲ့အစည်းက ပြိုင်ပွဲကနေ ဝင်ငွေ ဘီလီယံပေါင်းများစွာ ရနေတဲ့ကြားက ဒုက္ခရောက်သူတွေ ဒါမှမဟုတ် သူတို့မိသားစုတွေကို ကူညီရဖို့ ဘာမှမလုပ်ဆောင်ဘဲ လုံး၀ နောင်တမရဘူးလို့ ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် နှလုံးသားကင်းမဲ့ပြီး လောဘတက်တဲ့အဆင့်က ရှက်စရာပါ” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"အင်ဖန်တီနိုဟာ သူ့အမွေအနှစ်တွေကို ပြန်လည်ထူထောင်ဖို့နဲ့ ဖီဖာရဲ့ လူ့အခွင့်အရေးမှတ်တမ်းအတွက် လမ်းစသစ်တစ်ခုချမှတ်ဖို့ အခွင့်အာဏာရှိတယ်။ စေတနာပါတဲ့ အလုပ်သမားလျော်ကြေးရန်ပုံငွေဟာအရေးကြီးတဲ့ စတင်မှုတစ်ခုဖြစ်ပါတယ်။"

ဖီဖာဒုတိယအထွေထွေအတွင်းရေးမှူးချုပ် အာလစ်ဒယ် ဘဲလ်က "ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အလုပ်လုပ်ရာကနေ အကျိုးဆက်ကြောင့် ထိခိုက်ဒဏ်ရာရသူမည်သူမဆို ... တတစ်နည်းတစ်ဖုံပြန်လည်ပြင်ဆင်ထားတာကို မြင်တွေ့ဖို့ ကြိုးစားဖို့ အရေးကြီးတယ်"လို့ ဥရောပကောင်စီကို အောက်တိုဘာလက ပြောခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required