ကမ္ဘာ့ဖလား ထုတ်လွှင့်မှုအတွင်း နှာခေါင်းစည်းမပါသော လူစုလူဝေးပုံများကို တရုတ်မီဒီယာများ ဆင်ဆာဖြတ်

ကမ္ဘာ့ဖလား ထုတ်လွှင့်မှုအတွင်း နှာခေါင်းစည်းမပါသော လူစုလူဝေးပုံများကို တရုတ်မီဒီယာများ ဆင်ဆာဖြတ်

သန်းရာနှင့် ချီသော တရုတ်ပြည်သူများစွာသည် တင်းကျပ်သော ကပ်ရောဂါကန့်သတ်ချက်များအောက်တွင် နေထိုင်နေရစဉ် ပြည့်ကျပ်နေသော အားကစားကွင်းများ၌ ပျော်ရွှင်နေသည့် ပရိသတ်များကို မြင်တွေ့ရခြင်းက ၎င်းတို့၏ဒေါသကို လှုံ့ဆော်ပေးရာရောက်သောကြောင့် တရုတ်အစိုးရပိုင် ရုပ်မြင်သံကြားက ကမ္ဘာ့ဖလားပွဲများ ထုတ်လွှင့်မှု အတွင်း နှာခေါင်းစည်းမတပ်ထားသော ပရိတ်သတ်များကို မဖော်ပြဘဲ ဆင်ဆာဖြတ်တောက်ထားသည်။

ကာတာ၌ ပြုလုပ်သည့် ကြီးကျယ်ခမ်းနားသည့် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားတွင် ခပ်ကွာကွာ နေရခြင်းမရှိသောကြောင့် တရုတ်ပြည်သူများသည် သမ္မတ ရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ အောက်တွင် ခံစားခဲ့ရသည့် ဆိုးရွားသော အထီးကျန်မှုနှင့် ဆန့်ကျင် ဘက်ဖြစ်နေသည်ဟု တရုတ်လူမှု မီဒီယာအသုံးပြုသူများက ညည်းညူခဲ့ကြသည်။

နိုင်ငံအများစု၌ တင်းကျပ်စွာထိန်းချုပ်ထားသည့်စနစ်မရှိတော့ဘဲ လူထောင်ပေါင်းများစွာသည် ယခုကဲ့သို့ ပွဲတော်ကြီးတစ်ခုတွင် စုဝေးနိုင်ကြသည်ကို တရုတ် အင်တာနက်အသုံးပြုသူများက အထူးအဆန်းတဖွယ် ပြောကြားနေကြသည်။

ကိုဗစ်ကန့်သတ်ချက်များကြောင့် လူများစုဝေးဖြင့် ကြည့်ရှုခွင့်မပြုခြင်းနှင့် ပတ်သက်၍ ပရိသတ်အချို့သည် မိသားစုဝင် များနဲ့ အတူ ကစားပွဲများကို အိမ်တွင်ကြည့်ရှုနေကြကြောင်း အစိုးရပိုင် Global Times သတင်းစာက ဖော်ပြခဲ့သည်။

နိုင်ငံပိုင် ရုပ်သံ CCTV မှ ထုတ်လွှင့်သည့် ကစားပွဲများတွင် ပျော်ရွှင်စွာ အားပေးနေသည့် လူအုပ်ကြီးအား မဖော်ပြဘဲ ကစားသမားများနှင့် နည်းပြများ၏ အနီးကပ်ပုံများကိုသာ တည်း ဖြတ်ပြသခဲ့ကြောင်း China Sports Insider ဘလော့ဂ်ကို ဦးဆောင်သူ မတ်ခ်ဒရိုင်ရာက ပြောကြားသည်။

"လူစုလူဝေးကြီးကို အဝေးမြင် ရိုက်ချက်တွေမှာ မြင်နေရပေမယ့် ဂိုးရသွားချိန် ကြားဖြတ်ရိုက်ချက်တွေက အရမ်းမငြိမ်မသက်ဖြစ်နေပါတယ်" ဟု မတ်ခ်ဒရိုင်ရာက Twitter တွင် ရေးသားခဲ့သည်။ "ပြီးတော့ ဝါးနေပါ တယ်။"

အားကစားပြိုင်ပွဲများတွင် ထုတ်လွှင့်ပြသသူများအား ၎င်းတို့၏ ကိုယ်ပိုင်ကင်မရာရှုထောင့်များကို ရွေးချယ်ရန် ပွဲစီစဉ်သူများမှ ရွေးချယ်ခွင့်ပေးလေ့ရှိပြီး ကစားပွဲကို လူအများမမြင်မီ လျင်မြန်စွာတည်းဖြတ်နိုင်သောကြောင့် ထုတ်လွှတ်မှု နှောင့်နှေးခွင့်ရစေသည်။

အားကစားစူပါပါဝါ - အားကစားတွင် အတော်ဆုံးဖြစ်ရန် တရုတ်၏ ကြိုးပမ်းမှုများကို အတွင်းကျကျလေ့လာ ခြင်းစာအုပ်၏ စာရေးဆရာ မတ်ခ်ဒရိုင်ရာက ကြိုတင် ဆင်ဆာဖြတ်တောက်ခြင်းက တရုတ်တွင် လုပ်နေကျ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required