ကိုရီးယားကျွန်းဆွယ်တင်းမာမှုမြင့်တက်နေချိန် တောင်ကိုရီးယားနှင့် အမေရိကန် အကြီးဆုံးသော စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

ကိုရီးယားကျွန်းဆွယ်တင်းမာမှုမြင့်တက်နေချိန် တောင်ကိုရီးယားနှင့် အမေရိကန် အကြီးဆုံးသော စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

ဆိုးလ်၊ မတ် ၆ ။           ။ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လျက်ရှိနေချိန်၌ တောင်ကိုးရီးယားနှင့် အမေရိကန်တို့က အကြီးဆုံးမားဆုံးသော စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်သည်။

တောင်ကိုရီးယားစစ်တပ် သုံးသိန်းနှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀၀၀ ယင်းစစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်မည်ဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနက စစ်တပ်တာဝန်ရှိသူတစ်ဦးကို ကိုးကားဖော်ပြသည်။

ယခုလုပ်ဆောင်မှု စစ်ရေးလေ့ကျင့်မှုကြီးမှာ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုထက် နှစ်ဆမျှ ကြီးမားကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဟန်မင်းကူးက ပြောသည်။

မြောက်ကိုရီးယားအား ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ပြဌာန်းပြီး ရက်အနည်းငယ်အတွင်း ယခုစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်။

ဇန်နဝါရီလအတွင်းက မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်ဖောက်ခွဲပြီးနောက် လုံခြုံရေးတင်းမာမှုများ မြင့်မားလျက်ရှိနေသည်။

ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် မြောက်ကိုရီးယားက နျူကလီးယားလက်နက် ကြိုတင်ပြင်ဆင်ဖို့ ဖြစ်လာစေကြောင်း ပြောဆိုတုံ့ပြန်ကာ တာတိုပစ်ဒုံးကျည်များအား ပင်လယ်တွင် ပစ်ခတ်ပြလိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

စစ်ရေးပါရဂူများကမူ မြောက်ကိုရီးယားသည် ဒုံးကျည်များ၌ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်လွှတ်နိုင်သည် ဆိုခြင်းအပေါ် မယုံသင်္ကာ သံသယဖြစ်လျက် ရှိသည်။

ယခု တစ်သက်တာတွင် အကြီးဆုံးဖြစ်သော စစ်ရေးလေ့ကျင့်မှုအား မတ် ၇ ရက်တွင် စတင်ပြီး ဧပြီ ၃၀ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ကာ မြောက်ကိုရီးယား၏ ရန်စမှုကို သတိပေးလိုက်ခြင်းလည်းဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဟန်မင်းကူးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly