ဆန္ဒပြမှုများကြောင့် တရုတ် မြို့ကြီးများတွင် ရဲများ ထူထပ်စွာ ချထား

ဆန္ဒပြမှုများကြောင့် တရုတ် မြို့ကြီးများတွင် ရဲများ ထူထပ်စွာ ချထား

နိုင်ငံရေးလွတ်လပ်ခွင့်နှင့် ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများအဆုံးသတ်ရန် နိုင်ငံတစ်ဝန်း ဆန္ဒဖော် ထုတ်မှုများကြောင့် တရုတ်၏ အဓိကမြို့ကြီးများဖြစ်သော ပေကျင်းနှင့် ရှန်ဟိုင်းတို့တွင် နိုဝင်ဘာ ၂၉ ရက်က လုံခြုံရေး ထူထပ်စွာ ချထားလိုက်သည်။

တရုတ်နိုင်ငံရေးစနစ်တစ်ခုလုံးအပေါ် နက်နက်ရှိုရှိုင်း ဒေါသထွက်စေခဲ့သော စဉ်ဆက်မပြတ်ကန့်သတ်ပိတ်ဆို့မှု များကြောင့် တရုတ်ခေါင်းဆောင်များမှာ ဆယ်စုနှစ်များစွာအတွင်း မကြုံစဖူးသည့် ဆန္ဒပြပွဲများနှင့် ရင်ဆိုင်နေရ သည်။

တရုတ်အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ၏ မြို့တော် ဥယုံမုချီတွင် ပြီးခဲ့သည့် သီတင်းပတ်က လူအသေအ ပျောက်များသော မီးလောင်မှုမှ ဖြစ်ပေါ်လာသည့် ဒေါသကြောင့် ယခုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ကယ်ဆယ်ရေး ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေသည့် ကိုဗစ်-၁၉ ကန့်သတ်ချက်များအား မီးလောင် သေဆုံးရသည့် အကြောင်းရင်းအဖြစ် ဆန္ဒပြသူများက ပြောကြားနေသော်လည်း အစိုးရက ငြင်းဆန်ထားသည်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် တရုတ်တွင် ဆင်ဆာဖြတ်တောက်မှုသင်္ကေတအဖြစ် စာရွက်အလွတ် များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး ကန့်သတ်ပိတ်ဆို့မှုကြောင့်ဖြစ်ပေါ်လာသည့် ဒေါသများသည် ကျယ်ပြန့် လာကာ နိုင်ငံရေးအပြောင်းအလဲကို တောင်းဆိုလာကြသည်။

သီတင်းပတ်ကုန်က ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူများအား ဥပဒေစိုးမိုးရေးအရာရှိများက ၎င်းတို့၏ လှုပ်ရှားမှုနှင့် ပတ်သက်သည့် အချက်အလက်များကို ဖုန်းဆက်တောင်းဆိုခဲ့ကြောင်း AFP သို့ ၎င်းတို့က နိုဝင်ဘာ ၂၈ရက်တွင် ပြောကြားခဲ့သည်။

ရှန်ဟိုင်းတွင် သီတင်းပတ်ကုန် ဆန္ဒပြပွဲများအတွင်း သမ္မတရှီကျင့်ဖျင် ရာထူးမှ နုတ်ထွက်ရန် ရဲရဲတင်းတင်း တောင်းဆိုမှုများ ရှိခဲ့သော်လည်း ရောဂါထိန်းချုပ်ရေးအတွက် ည ၁၀ နာရီတွင် ဆိုင်ပိတ်ရန် အမိန့်ထုတ်ထား ကြောင်း စားသောက်ဆိုင်ဝန်ထမ်းက AFP သို့ ပြောကြားခဲ့သည်။

ဆန္ဒပြသည့်နေရာအနီးရှိ မြေအောက်ရထားဘူတာရုံထွက်ပေါက်များတွင် ရဲများကို အုပ်စုငယ်များအလိုက် ဖြန့်ကျက်ချထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly