ဥရောပတွင် သူလျှိုလုပ်သည့် တရုတ်နည်းပညာကုမ္ပဏီများ ဝေဖန်ခံနေရ

ဥရောပတွင် သူလျှိုလုပ်သည့် တရုတ်နည်းပညာကုမ္ပဏီများ ဝေဖန်ခံနေရ

တရုတ်နည်းပညာကုမ္ပဏီများဖြစ်သည့် Huawei ၊ ZTE Corps နှင့် Hikvision တို့သည် အာဏာရှင်အစိုးရများ အတွက်သာမက တရုတ်ကွန်မြူနစ်ပါတီမှ သူလျှိုလုပ်ရှားမှုများအတွက်ပါ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာများ ပံ့ပိုးပေးသည့်အတွက် လူ့အခွင့်အရေးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်သည်။

တရုတ်ဒစ်ဂျစ်တယ်အာဏာရှင်စနစ်၏ အဖျက်အမှောင့်နည်းဗျူဟာအတွက် နောက်ဆုံးပစ်မှတ်မှာ ဥရောပမြို့ များ ဖြစ်ကြောင်း Voices against Autocracy က ဖော်ပြလိုက်သည်။

၂၀၂၀ပြည့်နှစ်တွင် အမေရိကန်အစိုးရက တရုတ်ဆယ်သွယ်ရေးကုမ္ပဏီ ၅ ခုကို နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခဲ့သည်။

တရုတ် ဆက်သွယ်ရေးကော်ပိုရေးရှင်း ၅ ခုခန့်ကို ၂၀၂၀ပြည့်နှစ်တွင် သူလျှိုလုပ်မှုအတွက် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် အမေရိကန် အစိုးရက သတ်မှတ်ခဲ့သည်။

Huawei နှင့် မရေမတွက်နိုင်သော အခြားစီးပွားရေးလုပ်ငန်းများမှတစ်ဆင့် အာဖရိကတွင် တရုတ်၏ နည်းပညာ သူလျှိုလုပ်မှု မှတ်တမ်းများအရ တိုးတက်လာသော တရုတ်နည်းပညာများကို အသုံးပြုခြင်းသည် ဥရောပမြို့များ အတွက် ကုန်ကျစရိတ်များသော အမှားတစ်ခုဖြစ်နိုင်သည်။

ဆားဘီးယားတွင် မျက်နှာမှတ်နည်းပညာပါဝင်သည့် လုံခြုံရေးကင်မရာများ ဝယ်ယူရန် အစိုးရ၏ စာချုပ်ကို အသုံးပြု၍ Huawei သည် ဥရောပတွင် အရေးကြီးသော ခြေလှမ်းများလှမ်းခဲ့သည်။

၂၀၁၇ခုနှစ်တွင် လုံခြုံရေးမြို့မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ ကင်မရာ ၈၀ဝ၀ ထက်မနည်း ဝယ်ယူခဲ့ကြောင်း အချက်အလက်များက ဖော်ပြထားသည်။

ဆားဘီးယားနိုင်ငံသားများ၏ အရေးကြီးသော ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို တရုတ်အစိုးရက ရယူနိုင် သည့် အလားအလာရှိခြင်းကြောင့် ပွင့်လင်းမြင်သာမှုရှိရေးအတွက် အဖွဲ့အစည်းအများအပြားက ဆားဘီးယား အစိုးရအား တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly