အဆင့်လေးအတွင်းဝင်ရန် မဖြစ်နိုင်သလောက်ရှိသွားပြီဟု ဟစ်ဒင့်ဝန်ခံ

အဆင့်လေးအတွင်းဝင်ရန် မဖြစ်နိုင်သလောက်ရှိသွားပြီဟု ဟစ်ဒင့်ဝန်ခံ

မတ် ၆၊ လန်ဒန်။            ။ စနေနေ့တွင် စတုခ်စီးတီးနှင့်တစ်ဂိုးစီသရေကျပြီးနောက် ချယ်လ်ဆီးအသင်းပရီးမီးယားလိဂ်အဆင့် ၄ အတွင်းဝင်ရန် မဖြစ်နိုင်သလောက် ဖြစ်သွားပြီဟု နည်းပြဟစ်ဒင့်က ယုံကြည်နေသည်။

ပွဲချိန်ပထမပိုင်းတွင် ဘာထရန်ထရာအိုရီက လက်ရှိချန်ပီယံအသင်းအတွက်ဦးဆောင်ဂိုးသွင်းပေးခဲ့သော်လည်း ပွဲပြီးကာနီးငါးမိနစ်အလိုတွင် ဒီအော့ဖ်က စတုခ်အတွက်ချေပဂိုးသွင်းသွားခဲ့သည်။

ယင်းရလဒ်ကြောင့်ချယ်လ်ဆီးအသင်းသည် အဆင့် ၄ နေရာမှ ချန်ပီယံလိဂ်ဝင်ခွင့်ပိုင်ဆိုင်ထားသော မန်စီးတီးအသင်းနှင့် ၁၀ မှတ်ကွာသွား ပြီး အဆင့် ၁၀ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

ဒီဇင်ဘာတွင် ၎င်းစတင်တာဝန်ယူကတည်းက အသင်း၏တိုးတက်လာမှုအတွက် ဟစ်ဒင့်က ဂုဏ်ယူနေသော်လည်း အမှတ်ကွာဟမှုကို လျှော့ချရန်မှာ ၎င်းတို့ချယ်လ်ဆီးတစ်သင်းတည်းအပေါ်တွင်သာ မူတည်ခြင်းမရှိတော့ဟု ယူဆနေသည်။

"တခြားအသင်းတွေကလည်းကြိုးစားနေချိန်မှာ အဆင့် ၄ အတွင်းဝင်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ဖြစ်သွားပါပြီ။ တခြားဖက်ကကြည့်ရင် တော့ ကျွန်တော်တို့ ဒီဇင်ဘာနောက်ပိုင်းကစပြီး တန်းဆင်းဇုန်နဲ့ဝေးရာကို ရောက်လာနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့သာမန်အနေအထားနဲ့ အလယ်အလတ်နေရာကိုတက်လာနိုင်တယ်ဆိုတာ တကယ်တော့ မလုံလောက်သေးပါဘူး"ဟု ဟစ်ဒင့် က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly