ဗြိတိန်နှင့်တရုတ်ဆက်ဆံရေးရွှေခေတ်ကာလ ပြီးဆုံးသွားပြီဟု ဝန်ကြီးချုပ် ရီရှီဆူးနက် ပြောကြား

ဗြိတိန်နှင့်တရုတ်ဆက်ဆံရေးရွှေခေတ်ကာလ ပြီးဆုံးသွားပြီဟု ဝန်ကြီးချုပ် ရီရှီဆူးနက် ပြောကြား

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးရွှေခေတ်ကာလသည် ပြီးဆုံးသွားပြီဖြစ်ပြီး တရုတ်၏ အာဏာရှင်ပိုဆန်လာသောအရွေ့သည် ဗြိတိန်၏ တန်ဖိုးများနှင့် အကျိုးစီးပွားအတွက် အကွက်ချ လုပ်ဆောင်သော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း သတိပေးလိုက်သည်။

“ရှင်းရှင်းပြောရရင် ရွှေခေတ်လို့ခေါ်တဲ့ကာလဟာ ပြီးဆုံးသွားပါပြီ” ဟု ဆူးနက်က ပထမဆုံး နိုင်ငံခြားရေး မူဝါဒမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ပိုမိုရင်းနှီးတဲ့ဆက်ဆံရေးဟာ လူမှုရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဦးတည်သွားစေလိမ့်မယ်လို့ နုံအအယူဆချက်ရှိခဲ့ပြီးတော့ တရုတ်ဟာ နိုင်ငံ့အာဏာကို သုံးပြီး ကမ္ဘာကို လွှမ်းမိုးမှုအတွက် သိသိသာသာ ယှဉ်ပြိုင်နေတာပါ” ဟု ဆူးနက်က ဆိုသည်။

ဆူးနက်သည် ပြီးခဲ့သည့်လက ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် တရုတ်နိုင်ငံအပေါ် ရပ်တည်ချက်တင်းမာရန် ကွန်ဆာဗေးတစ် ကျောထောက်နောက်ခံသမားများ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။

"တရုတ်ဟာ ကျွန်တော်တို့ရဲ့ တန်ဖိုးတွေနဲ့ အကျိုးစီးပွားတွေအတွက် အကွက်ချလုပ်ဆောင်တဲ့ စိန်ခေါ်မှု တစ်ခုလို့သတ်မှတ်ပါတယ်။ အဲဒီစိန်ခေါ်မှုဟာ အာဏာရှင်ပိုဆန်တဲ့ဘက်ကို ဦးတည်လာပြီးတော့ ပိုမိုပြင်းထန် လာပါတယ်” ဟု ဆူးနက်က လန်ဒန်တွင် ဂုဏ်ပြုညစာစားပွဲ၌ ပြောကြားခဲ့သည်။

“ဆန္ဒပြသူတွေရဲ့ အသံကို နားထောင်ရမယ့်အစား တရုတ်အစိုးရဟာ BBC သတင်းထောက်ကို ကိုယ်ထိလက်ရောက်ရိုက်နှက်မှုအပါအဝင် ပြည်သူတွေကို ထပ်မံချေမှုန်းဖို့ ရွေးချယ်လိုက်ပါတယ်။

“မီဒီယာတွေနဲ့ လွှတ်တော်အမတ်တွေဟာ ရှင်ကျန်းက ညှင်းပန်းနှိပ်စက်မှုနဲ့ ဟောင်ကောင်လွတ်လပ်ခွင့် လျော့ပါးနေမှုအပါအဝင် ဒီပြဿနာတွေကို အလေးထားလုပ်ဆောင်ရပါမယ်” ဟု ဆူးနက်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required