ရီးယဲလ်အတွက် သွင်းဂိုး ၃၅၀ ပြည့်မြောက်သွားသည့် စီရော်နယ်ဒို

ရီးယဲလ်အတွက် သွင်းဂိုး ၃၅၀ ပြည့်မြောက်သွားသည့် စီရော်နယ်ဒို

မက်ဒရစ်၊ မတ် ၆ ။           ။ ရီးယဲလ်အသင်းက ဆယ်လ်တာဗီဂိုအသင်းကို ၇-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် စီရော်နယ်ဒိုသည် အနိုင်ဂိုးလေးဂိုး သွင်းယူပေးခဲ့သည့်အတွက် ရီးယဲလ်အသင်း၏ သမိုင်းတွင် ဂိုး ၃၅၀ ပြည့်သွင်းယူနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။

ထိုပွဲစဉ်တွင် ပီပီက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး စီရော်နယ်ဒိုက ဒုတိယဂိုးကို အဝေးကန်ချက်ဖြင့် ကန်သွင်းယူခဲ့သည်။ ထို့နောက်တွင် စီရော်နယ်ဒိုသည် ပြစ်ဒဏ်ဘောမှတစ်ဆင့် ဒုတိယဂိုးကို ပွဲချိန် ၅၈ မိနစ်တွင် သွင်းယူခဲ့သည်။ ထိုဂိုးမှာ လိဂ်သွင်းဂိုး ၂၅၀ ပြည့်မြောက်သည့် ဂိုးလည်းဖြစ်သည်။

လာလီဂါတွင် လိဂ်သွင်းဂိုး ၂၅၀ နှင့်အထက် သွင်းယူထားသူများမှာ ဘီလ်ဘာအိုတိုက်စစ်မှူးဟောင်း တယ်မိုဇာရာနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ ဖြစ်သည်။ တယ်လ်မိုဇာရာက ၂၅၁ ဂိုးသွင်းယူထားပြီး မက်ဆီမှာ ၃၀၄ ဂိုးသွင်းယူထားသည်။

ပွဲချိန် ၆၄ မိနစ်နှင့် ၇၆ မိနစ်တို့တွင်လည်း စီရော်နယ်ဒိုက ဂိုးများထပ်မံသွင်းယူခဲ့သည့်အတွက် လိဂ်သွင်းဂိုး ၂၅၂ ဂိုးဖြစ်သွားခဲ့ပြီး တယ်မိုဇာရာ၏ စံချိန်ကို ဖြတ်ကျော်ခဲ့သည်။ စီရော်နယ်ဒိုသည် အခြားကစားသမားများထက် ပွဲအရေအတွက် လျော့ကစားပြီး ဂိုး၂၅၀ ပြည့်မြောက်သည့် ကစားသမားအဖြစ်လည်း စံချိန်ဝင်ခဲ့သည်။

တယ်မိုဇာရာမှာ ဂိုး ၂၅၀ ပြည့်မြောက်ရန် ၂၆၉ ပွဲကစားခဲ့ရပြီး မက်ဆီက ၂၈၉ ပွဲ ကစားခဲ့ရသည်။ စီရော်နယ်ဒိုမှာ ၂၂၈ ပွဲဖြင့် ဂိုး ၂၅၀ ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် လာလီဂါတွင် ဟက်ထရစ် ၁၆ ကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး ခြောက်ကြိမ်မြောက် တစ်ပွဲတည်း လေးဂိုးသွင်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဆယ်လ်တာဗီဂိုနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် ၁၀ ပွဲတွင် စီရော်နယ်ဒိုမှာ ၁၇ ဂိုးအထိသွင်းယူထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly