ဆိုးလ်၊ မတ် ၅ ။ ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ EXO အဖွဲ့မှ Lay သည် ဇန်နဝါရီလနှောင်ပိုင်းက တရုတ်နိုင်ငံ ဟန်ကျို့မြို့တွင် “ Old Nine Gates” ဒရမ်မာဇာတ်ကား ရိုက်ကူးစဉ် မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့် ကျောတွင် ဒဏ်ရာရရှိခဲ့ရာမှ ယခုအခါ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်သည်။
Lay က မကြာမီ ဇာတ်ကား ပြန်လည်ရိုက်ကူးသွားမည်ဖြစ်ပြီး ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ပရိတ်သတ်များကို Instagram မှတစ်ဆင့် ပြောကြားခဲ့သည်။” ကျွန်တော့်အတွက် စိုးရိမ်ပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ကုသမှုခံယူနေပါတယ်။ပိုပြီးသက်သာလာပါပြီ။ ပရိတ်သတ်တွေကို စိုးရိမ်အောင် လုပ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။မကြာမီ ပရိတ်သတ်တွေကို ကျွန်တော့်ရဲ့ အကတွေကို ပြသသွားမှာပါ ”ဟု Lay ကရေးသားခဲ့သည်။
Lay သည် မတ် ၄ ရက်က အကပညာရှင် ကက်စ်ပါ နှင့်အတူ ကပြနေသည့် ဗီဒီယိုကို မတ် ၄ ရက်ကတင်ခဲ့ရာ Lay သည် တစ်ရာ ရာခိုင်နှုန်း ပြန်ကောင်းနေပုံပေါ်သည်။