တရုတ်ထောက်လှမ်းရေးဌာန အကြီးအကဲ လာဘ်ယူမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ

တရုတ်ထောက်လှမ်းရေးဌာန အကြီးအကဲ လာဘ်ယူမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ

တရုတ်ထောက်လှမ်းရေးနှင့် တန်ပြန်ထောက်လှမ်းရေးဌာနမှ ထိပ်တန်းအရာရှိဟောင်း လျှိုရန်ပင်းသည် အကျင့် ပျက်ခြစားမှု စွဲချက်များအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြလိုက်သည်။

အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံမတိုင်မီ အောက်တိုဘာလက လျှိုသည် လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။

လျှိုသည် ယခင်က တရုတ်ကွန်မြူနစ်ပါတီ စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်နှင့် အမျိုးသားကြီးကြပ်ရေး ကော်မရှင်မှ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသို့ စေလွှတ်ရသည့် စည်းကမ်းစစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ အကြီး အကဲဖြစ်ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

လျှိုသည် ၂၀ဝ၁ခုနှစ်နှင့် ၂၀၂၂ခုနှစ်အတွင်း ရာထူးအမျိုးမျိုးကို အခွင့်ကောင်းယူကာ အခြားသူများ၏ လုပ်ငန်း ကိစ္စများ၊ အမှုကိစ္စများ ကိုင်တွယ်မှု၊ အလုပ်အစီအမံများနှင့် လိုင်စင်နံပါတ်ပြားများ ရယူခြင်းတို့ကို ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

ထို့ပြင် စုစုပေါင်း ယွမ်ငွေ ၂၃၄ သန်းကျော် တန်ဖိုးရှိသော လက်ဆောင်များနှင့် ငွေများကို တရားမဝင် လက်ခံခဲ့ပြီး အမေရိကန်ဒေါ်လာ တန်ဖိုးဖြင့် ၃၃ ဒသမ ၁၂ သန်းခန့် တန်ဖိုးရှိသည်။

တရားခွင်အတွင်း တရားလိုရှေ့နေများက ယင်းတို့၏ သက်သေများကို တင်ပြခဲ့ပြီး တရားခံနှင့် ယင်း၏ ရှေ့နေများက စစ်ဆေးခဲ့သည်။

၎င်း၏ နောက်ဆုံးထွက်ဆိုချက်တွင် လျှိုက အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး နောင်တရကြောင်း ဖော်ပြခဲ့သည်။ အဆိုပါရုံးချိန်းတွင် ပြည်သူ့ကောင်စီအဖွဲ့ဝင် ၂၀ ကျော် တက်ရောက်ခဲ့ကြောင်း Xinhua သတင်းက ဖော်ပြခဲ့ သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly