ဆောက်ဂိတ်ရဲ့အသင်း အမေရိကန်နဲ့ ပျင်းစရာ သရေပွဲမှာ အင်္ဂလန် WAGs တွေ အားပါးတရ အာသန်းလိုက် ခေါင်းငုံ့လိုက်တွေ ဖြစ်ကုန်

ဆောက်ဂိတ်ရဲ့အသင်း အမေရိကန်နဲ့ ပျင်းစရာ သရေပွဲမှာ အင်္ဂလန် WAGs တွေ အားပါးတရ အာသန်းလိုက် ခေါင်းငုံ့လိုက်တွေ ဖြစ်ကုန်
Photos: Daily Mirror

အင်္ဂလန်ရဲ့ WAGs တွေဟာ ကြာသပတေးနေ့ညနေပိုင်းက အမေရိကန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ သူတို့ရဲ့ ချစ်သူရည်းစားတွေရဲ့ ခြေစွမ်းက ဆိုးရွားတဲ့အတွက် အားပါးတရ အာသန်းလိုက် ခေါင်းငုံ့လိုက်တွေ ဖြစ်ပျက်နေခဲ့ပါတယ်။

ဒီအပတ်အစောပိုင်းက အီရန်ကို သွင်းဂိုး ၆ ဂိုးနဲ့ အပြတ်ကြမ်းပြခဲ့ပြီးဖြစ်ပေမယ့် အင်္ဂလန်ဟာ အံ့အားသင့်စေမယ့် ကြမ်းပြတမျိုး မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပြီးတော့ အင်္ဂလန်ရဲ့ WAGs တွေ အသင်းကို အဆုံးထိအားပေးရင်း ပွဲကြည့်စင်မှာ ပျင်းလို့ အားပါတရ အာသန်းရင်း အိပ်ချင်တာ မထိန်းနိုင်မသိမ်းနိုင် မြင်ရမှာပါ။

ကိုင်လီဝေါ်လ်ကာရဲ့ လက်တွဲဖော် အားနီ ကီနားနဲ့ အာရွန် ရမ်းစတေးရဲ့ ချစ်သူ ဂျော်ဂျီနာ အာဗန်တို့ နှစ်ယောက် အာဘေးလ်ကွင်းမှာ မှေးနေတာကို တွေ့ခဲ့ရတယ်။ ဂါရတ် ဆောက်ဂိတ်ရဲ့ အသင်းက သောကြာနေ့ ညနေမှာ အမေရိကန်ကို ဝ-၀ နဲ့ သရေကျသာ ကစားနိုင်ခဲ့တာကြောင့်ပါ။

အင်္ဂလန်ဟာ အစပိုင်းမှာ အမေရိကန်ရဲ့ ခံစစ်ကို ရင်ဆိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးဖို့ ခြေစွမ်း ညံ့ဖျင်းပြီး ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် အမေရိကန်က ဂိုးပေါက် ခြိမ်းခြောက်မှုတွေ လုပ်လာခဲ့တဲ့ ပထမပိုင်းအပြီး ဒုတိယပိုင်းမှလာလည်း မှိန်းပြီး လိုက်ကစားနေခဲ့ပါတယ်။ ဒုတိယပိုင်း ၄၅ မိနစ်မှာ နှစ်သင်းလုံးက ပွဲကို မှတ်သားလောက်တဲ့ အဖြစ်မျိုးလည်း မလုပ်ပြနိုင်ခဲ့ပါဘူး။

The Three Lions (ခြင်္သေ့သုံးကောင်)ရဲ့ အကောင်းဆုံးအခွင့်အရေးဟာ မိနစ် ၉၀ ကုန်ဆုံးပြီးနောက်မှတော့ာ ဟယ်ရီကိန်းက ဖရီးကစ်ကနေ ကန်တင်ပေးတဲ့ အလုံးကို ခေါင်းတိုက်ရာမှာ လွဲချော်ခဲ့ပါတယ်။

WAG တွေအတွက် ကံကောင်းတာက အင်္ဂလန်ဟာ ဝေလနဲ့ ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေချိန်မှာ သူတို့ဟာ ပူပြင်းတဲ့ ဆောင်းရာသီနေရောင်အောက်မှာ အနားယူနိုင်တာပါ။

အင်္ဂလန်အသင်းရဲ့ ဇနီးသည်တွေက 'ရေပေါ်နန်းတော် (floating palace)'လို့ အမည်ပေးထားတဲ့ ပေါင် ၁ ဘီလီယံတန် အပျော်စီးဇိမ်ခံသင်္ဘောပေါ်မှာ တည်းခိုနေကြပါတယ်။ ပြီးတော့ ဇိမ်ခံသင်္ဘောမှာ ရေကူးကန် ခြောက်ကန်နဲ့ ဘား ၃၀ ပါရှိပြီး သူတို့ဟာ ပွဲကစားရက် ရှေ့နေ့တွေမှာ ကော့တေးတွေ သောက်ကြပါတယ်။

ဒီအတောအတွင်း အင်္ဂလန်အသင်းက အယ်လ်ဝါကရာက ၁၀ မိုင်အကွာမှာ အခြေစိုက်ပါတယ်။

ဆောက်ဂိတ်ရဲ့အသင်းက အခုအုပ်စုနောက်ဆုံးအဆင့်မှာ ဝေးလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ဒီပွဲမှာ ရော့ဘ်ပေ့ခ်ျရဲ့အသင်းဟာ သူတို့ကို ကာဒစ်ဖ်မြို့ဆီ စောစီးစောစီး လှည့်ပြန်သွားဖို့ နိုင်ပွဲကလွဲလို့ ဘာမဆိုဖြစ်လာနိုင်ပါတယ်။

ဝေးလ်စ်ကို အနိုင်ရရင် အင်္ဂလန်တို့ အုပ်စုက တက်သွားတာကို တွေ့ရမှာဖြစ်ပေမယ့် ဆောက်ဂိတ်က ကစားပုံ ညံ့တာကနေ ပြန်လည်ရုန်းထဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly