ဂျီ-၂၀ အစည်းအဝေးတွင် တရုတ်သမ္မတရှီကျင့်ဖျင်၏ အပြုအမူသည် မောက်မာပြီး အာဏာရှင်စရိုက်ကို ဖော်ပြနေ

ဂျီ-၂၀ အစည်းအဝေးတွင် တရုတ်သမ္မတရှီကျင့်ဖျင်၏ အပြုအမူသည် မောက်မာပြီး အာဏာရှင်စရိုက်ကို ဖော်ပြနေ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ပါတီညီလာခံတွင် တတိယမြောက် သမ္မတသက်တမ်း ရယူခဲ့ သော ရှီကျင့်ဖျင်က ဘာလီ၌ ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးအတွင်း ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူးအား ပြစ်တင်ဝေဖန်ခဲ့သည်။

ဂျီ-၂၀ အစည်းအဝေး၏ ဆက်စပ်တွေ့ဆုံပွဲတွင် စကားအခြေအတင်ခေတ္တဖြစ်သည့် ဗီဒီယိုသည် ပျံ့နှံ့သွားခဲ့ပြီး နောက် တရုတ်ခေါင်းဆောင်၏ အပြုအမူမှာ မောက်မာမှုကို ဖော်ပြနေသည်ဟု Washington Examiner က ဖော်ပြခဲ့သည်။

ပထမဆုံးဖြစ်ရပ်မှာ ကနေဒါဝန်ကြီးချုပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ဘာလီတွင်ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ ပြင်ပတွေ့ဆုံမှုအတွင်း စကားအခြေအတင်များခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ခုနှစ်တွင် ကျင်းပခဲ့သည့် ကနေဒါ ရွေးကောက်ပွဲများတွင် တရုတ်၏ စွက်ဖက်မှုနှင့်ပတ်သက်၍ ရှီနှင့် တွေ့ဆုံစဉ်အတွင်း တရုတ်ခေါင်းဆောင်ကို ထရူးဒူးက မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရှီကျင့်ဖျင်က အစည်းအဝေးတွင် ဆွေးနွေးသည့်ကိစ္စများကို မီဒီယာများ သိရှိခြင်းကို သဘောမကျပေ။ ရှီက "ဆွေးနွေးမှု အားလုံးက သတင်းစာတွေဆီ ပေါက်ကြားခဲ့ပါတယ်။ အဲဒါက မသင့်တော်ပါဘူး" ဟု ပြောကြားခဲ့သည်။

အပြန်အလှန် လေးစားမှုသည် နိုင်ငံအချင်းချင်း ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်လင်းက အလေးအနက် ပြောကြားခဲ့သည်။

စကားအခြေအတင်ပြောဆိုမှုတွင် ရှီ အစိုးရ၏ မောက်မာပြီး အာဏာရှင်ဆန်သည့် စရိုက်ကို ဖော်ပြနေသည် ဟု Washington Examiner က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required