အာရှတွင် အမေရိကန်၏ လွှမ်းမိုးမှုကို လျှော့ချရန် တရုတ်ကြိုးပမ်းနေ

အာရှတွင် အမေရိကန်၏ လွှမ်းမိုးမှုကို လျှော့ချရန် တရုတ်ကြိုးပမ်းနေ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ပါတီညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တတိယမြောက် သမ္မတသက်တမ်းရယူပြီးနောက်ပိုင်း အာရှဒေသကို လွှမ်းမိုးရန်နှင့် ဒေသတွင်း အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းလျက်ရှိသည်။

အမေရိကန်ကို အာရှနှင့် ဝေးကွာစေရန် တရုတ်က အပြင်းအထန်ကြိုးပမ်းနေသည်။ ရှီက ထိပ်တိုက်ရင်ဆိုင်မှု ကင်းစင်သော အာရှတိုက်ဖြစ်ရေး ဖိအားပေးရန်၊ ဘန်ကောက်တွင် ကျင်းပသည့်အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးကို အသုံးပြုနေပြီး အမေရိကန်ကို ထိန်းသိမ်းရန်နှင့် အာရှတွင် တရုတ်၏ အင်အားကြီးမားမှုကို အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းနေကြောင်း The Singapore Post သတင်းစာက ဖော်ပြသည်။

အမေရိကန်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ခြင်းမှ ရှောင်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် ဘန်ကောက်တွင် ပြော ကြားသည့် ၎င်း၏ မိန့်ခွန်းတွင် အမေရိကန်ကို ဖော်ပြခြင်းကို ပါးနပ်စွာရှောင်ရှားခဲ့သည်။

တရုတ်နှင့် အမေရိကန်သည် ထိုင်ဝမ်လွတ်လပ်ရေး၊ ယူကရိန်းအရေး၊ မြောက်ကိုရီးယားနျူးကလီးယားကိစ္စ စသည့် ပြဿနာ ၃ ရပ်နှင့် နည်းပညာလွှဲပြောင်းမှု၊ ကုန်သွယ်ရေးနှင့် အခွန်အကောက်စစ်ပွဲတွင် ထိပ်တိုက် တွေ့မည်မဟုတ်သည်မှာ ရှင်းလင်းပေါ်လွင်လာသည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်ပြီးနောက် နှစ်ဖက်စလုံးသည် သြဂုတ်လတွင် ထိပ်တိုက်တွေ့လုနီးပါးဖြစ်ခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် သမ္မတရှီတို့သည် ၃နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၁၇ရက်က တွေ့ဆုံခဲ့သည်။

အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် မွန်ဂိုလီးယားတို့က အမေရိကန်၊ တရုတ်တို့နှင့် မဟာဗျူဟာမြောက် သာတူညီမျှမှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

သို့သော် တရုတ်က ယင်း၏ အာရှလိုလားသော မူဝါဒများကို မြှင့်တင်ရန် APEC အား ကြားခံအဖြစ် ဆက်လက် အသုံးပြုနေကြောင်း The Singapore Post က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required