ကမ္ဘာ့ဖလားပရိသတ်တွေ သက်တံရောင်ဦးထုပ်တွေကို ဆောင်းခွင့်ပြု - ဝေးလ်အက်ဖ်အေ

ကမ္ဘာ့ဖလားပရိသတ်တွေ သက်တံရောင်ဦးထုပ်တွေကို ဆောင်းခွင့်ပြု - ဝေးလ်အက်ဖ်အေ

ကာတာရှိ ကမ္ဘာ့ဖလားမှာ ပစ္စည်းတချို့ သိမ်းဆည်းခံရပြီးနောက် ပရိသတ်တွေဟာ သက်တံရောင်ဦးထုပ်တွေနဲ့ အလံတွေကို အားကစားကွင်းတွေအတွင်းသို့ ယူဆောင်သွားနိုင်တယ်လို့ ဝေးလ်ဘောလုံးအဖွဲ့ချုပ် (FAW)အကြီးအကဲများက ပြောပါတယ်။

သက်တံရောင်ရဲ့ ပြသမှုဟာ ကာတာမှာ လိင်တူဆက်ဆံမှုတရားမဝင်ဘူးလို့ ပြောဆိုနေတဲ့ အဓိကအချက်ကို သက်သေပြတာဖြစ်ပြီး အုပ်စု ပထမပွဲစဉ်တွေမှာ လိုဂိုပါတဲ့ အဝတ်အစားတွေကို ဖယ်ရှားဖို့ ပရိသတ်တွေကို အမိန့်ပေးခဲ့ပါတယ်။

ဝေးလ်အမျိုးသမီးဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း လော်ရာ မက်အလီစတာဟာ တနင်္လာနေ့က သူမရဲ့နိုင်ငံနဲ့ယှဉ်ပြိုင်ကစားတဲ့ အမေရိကန်နဲ့ပွဲမှာ လုံခြုံရေးအစောင့်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး သက်တံရောင်ပုံးဦးထုပ်ကို ချွတ်ဖို့ အမိန့်ပေးခံခဲ့ရပါတယ်။

ဝေးလ်ပရိသတ်တွေ့ရဲ့ နာမည်ကြီးနေတဲ့ ဦးထုပ်ရဲ့ သက်တန့်ဗားရှင်းဟာ LGBTQ အသိုင်းအဝိုင်းအတွက်ထောက်ခံမှုကို ပြသပါတယ်။

ဝေးလ်ရဲ့ LGBTQ ထောက်ခံသူများအဖွဲ့ Rainbow Wall ကနေ အဖွဲ့ဝင်အများအပြားက သူတို့ဟာ ဦးထုပ် ပေးမဆောင်းခိုင်းဘူးလည်းလို့ ပြောကြားခဲ့ကြောင်း ဝေးလ် ဘောလုံးအဖွဲ့ချုပ်(FAW)က ပြောကြားပါတယ်။

ဒါပေမယ့် သောကြာနေ့မှာ အီရန်နဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ဆီ သက်တံပုံစံ အရာတွေနဲ့ ပရိသတ်တွေကို ဝင်ရောက်ခွင့်ပြုမယ်လို့ ဖီဖာကနေ အတည်ပြုခဲ့းတယ်လို့ FAW က တွစ်တာမှာ ရေးသားထားပါတယ်။

"FAW ကို တုံ့ပြန်တဲ့အနေနဲ့ သောကြာနေ့မှာ အီရန်နဲ့ ကစားမယ့် ဝေးလ်ပွဲစဉ်အတွက် Rainbow Wall bucket ဦးထုပ်တွေနဲ့ သက်တံအလံတွေပါတဲ့ ပရိသတ်တွေကို ကွင်းထဲကို ဝင်ခွင့်ပြုမယ်လို့ ဖီဖာက အတည်ပြုထားပါတယ်"လို့ ၎င်းက ဆိုပါတယ်။

“ကမ္ဘာ့ဖလားကျင်းပမယ့် နေရာအားလုံးကို ဆက်သွယ်ပြီး သဘောတူညီထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ညွှန်ကြားထားပါတယ်။

"ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လူတိုင်းကို ကာတာနိုင်ငံမှာ ကြိုဆိုမှာဖြစ်ပြီး နောက်ထပ်လူ့အခွင့်အရေးပြဿနာတွေကို ဆက်လက်မီးမောင်းထိုးပြဖို့ သူတို့ရဲ့သတင်းစကားကို လိုက်နာပေးဖို FAW က ဖီဖာကို တိုက်တွန်းထားပါတယ်။"

အင်္ဂလန်နဲ့ ဂျာမနီအပါအဝင် ဥရောပအသင်းခုနစ်သင်းက သူတို့ရဲ့ အသင်းခေါင်းဆောင်တွေဟာ သက်တံရောင်လက်ပတ်ကို ဝတ်ဆင်ဖို့ အစီအစဉ်တွေကို စွန့်လွှတ်လိုက်ပြီးဖြစ်တယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

သူတို့ဟာ ဘောလုံးအဖွဲ့ချုပ်ဖီဖာရဲ့ ကွင်းအတွင်း စည်းကမ်းပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေကို လိုက်နာခဲ့ရပါတယ်။

ဖီဖာရဲ့ လက်ပတ်တွေကို ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့က အသင်းလိုက်ဓာတ်ပုံအတွက် ဂျာမန်ကစားသမားတွေဟာ သူတို့ရဲ့ ပါးစပ်ကို ဖုံးအုပ်ထားခဲ့ကြပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required