ဆရာဝန်ဖြစ်ချင်တဲ့ နွားကျောင်းသားလေး

ဆရာဝန်ဖြစ်ချင်တဲ့ နွားကျောင်းသားလေး
စစ်ရှောင်ကျေးရွာတွေက နွားတွေအငှားကျောင်းပေးတဲ့ အသက် ၁၂ နှစ်အရွယ် မောင်ဖြိုးမင်းသူဟာ မိသားစုအတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရအောင် လုပ်ဆောင်ပေးနေသူပါ။ စစ်အာဏာသိမ်းတာကို မသိပေမဲ့ သူနေ့စဉ်နွားကျောင်းနေတဲ့ တောအုပ်နားမှာ သေနတ်တွေပစ်ခတ်နေကြတာကိုတော့ သူကောင်းကောင်းသိပါတယ်။ ပစ်ခတ်သံတွေကြားရင် နွားတွေကိုပစ်ပြီး သူကိုယ်တိုင်ဘေးလွတ်ရာပုန်းခိုနေတတ်ရတဲ့ မောင်ဖြိုးမင်းသူက တစ်နေ့ကြရင် ဆရာဝန်ဖြစ်ချင်ပါတယ်တဲ့။ 
 
#စစ်ရှောင်
#ကလေးမြို့
 
 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly