တရုတ်ကြွေးမြီများပြားလာခြင်းကြောင့် ဆိုးရွားသော အကျိုးဆက်များ ကင်ညာ ကြုံတွေ့နေ

တရုတ်ကြွေးမြီများပြားလာခြင်းကြောင့် ဆိုးရွားသော အကျိုးဆက်များ ကင်ညာ ကြုံတွေ့နေ

ကင်ညာအစိုးရအဆက်ဆက်က ကုန်ကျစရိတ်ပိုမိုများပြားသည့် စီမံကိန်းများအတွက် ငွေပိုချေးခဲ့ရခြင်းကြောင့် တရုတ်ကြွေးမြီများ များလာကာ စီးပွားရေးအရ အရေးပေါ်အခြေအနေကာလကို ဖြတ်သန်းနေရသည်။

အင်အားကြီးမားလာသော တရုတ်က ကမ္ဘာ့စီးပွားရေးကို အန္တရယ်ပြုလာရုံသာမက စုပေါင်းကြိုးပမ်းမှုဖြင့် တန်ပြန်ရန် လိုအပ်လာနေပြီဖြစ်သည်။

အာဖရိကတိုက်၏ အဓိက လိုအပ်ချက်မှာ စီးပွားရေးကို ထိခိုက်စေမည့် အခြေအနေများနှင့် အခြေအနေမပေး သည့် ချေးငွေများပေးနေသည့် တရုတ်၏ မဟာဗျူဟာကို ကြံ့ကြံ့ခံရင်ဆိုင်ရန်ဖြစ်ကြောင်း Africa Daily က ဖော်ပြသည်။

ကင်ညာတွင် တရုတ်ကြွေးမြီများ များလာခြင်းက ဆိုးရွားသော အကျိုးဆက်အချို့ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ကင်ညာကြွေးမြီ၏ ၃ပုံ ၁ပုံခန့်မှာ တရုတ်ကြွေးမြီများဖြစ်သည်။

အဆိုပါကြွေးမြီများကြောင့် အကြွေးနွံနစ်နေခြင်းနှင့် နိုင်ငံ့စီးပွားရေး ဝန်ပိနေခြင်းကြောင့် ကင်ညာတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုဆန်းစစ်ချက်များ ပြုလုပ်ရန် ပြည်သူများက တောင်းဆိုလာ ကြသည်ဟု Africa Daily က ဖော်ပြသည်။

ထိုကဲ့သို့ အခြေအနေကြောင့် နောက်ပိုင်းတွင် ကင်ညာစီးပွားရေးကို ထိခိုက်စေရုံသာမက တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင် မှုများ သာမန်ပြည်သူလူထုတွင် ဖြစ်ပေါ်လာကြောင်း Africa Daily က ဖော်ပြခဲ့သည်။

အလွန်အကျွံချေးငွေများသည် ယခုအခါ ကင်ညာစီးပွားရေးအပေါ် ဆိုးရွားသော အကျိုးဆက်များ ရှိနေသည်ဟု Africa Daily က ဖော်ပြခဲ့သည်။

သဘောတူညီချက်၏ ကဏ္ဍအားလုံးကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုသော်လည်း တရုတ်က ယင်းကဲ့သို့ ချေးငွေအများအပြားပေးထားသည့် စီမံကိန်းများအတွင်း ပိုင်ဆိုင်မှုသိမ်းဆည်းရမိသည့် အပိုဒ်များကို ထည့်သွင်း ထားမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly